CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀

‌ဒေးဗစ်မိုယက်စ် က ဝက်စ်ဟမ်း အသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာ လို အသင်းမျိုးကိုလည်း ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ဒီရာသီ ဥရောပချန်ပီယံအသင်းကို အနိုင်ယူပြီးတာ‌ကြောင့်မို့ ဒေးဗစ်မိုယက်စ်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်း အသင်းဟာ ဒီဇင်ဘာလ ၁၀ ရက် မနက်ပိုင်းက လူငယ်ကစားသမား အများအပြားပါဝင်သော ဒိုင်နမိုဇာဂရက်အသင်းနဲ့ ကစားခဲ့ပြီး ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဝက်စ်ဟမ်း အသင်းဟာ အုပ်စုပထမနဲ့ ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ဝက်စ်ဟမ်း အသင်းဟာ ဒီ ရာသီမှာ ဥရောပချန်ပီယံဖြစ်တဲ့ ချယ်လ်ဆီး၊လီဗာပူးလ် တို့အပြင် မန်စီးတီး၊ မန်ချက်စတာ ယူနိုက် တက် အသင်းတို့ကိုလည်း အနိုင်ရခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်နောက်တဆင့်မှာ ချန်ပီယံလိဂ်ကနေ ဆင်းလာတဲ့ ဘာစီလိုနာ၊ ဆီဗီလာ၊ ပေါ်တို စတဲ့အသင်းတွေနဲ့ တွေ့ဆုံရဖွယ် ရှိနေပါတယ်။

ဒေးဗစ်မိုယက်စ် က “ကျနော်တို့ဟာ အသင်းကြီးအများအပြားနဲ့ ရင်ဆိုင်ရဖို့ ရှိပေမယ့် လက်ရှိအချိန်မှာ ကျနော်တို့ကလည်း အသင်းကြီးတစ်သင်းပဲလို့ ထင်ပါတယ်။အသင်းအများအပြားကလည်း ကျနော်တို့နဲ့ ကစားဖို့ စိုးရိမ်နေပါလိမ့်မယ်။ဒီပွဲတွေ ထွက်ပေါ်လာတဲ့ အချိန်မှာ ကျနော်တို့ဟာ ပုံစံကောင်းတွေရယူနိုင်ဖို့ မျှော်လင့် နေပါတယ်။အသင်းနာမည်တွေကို ကြည့်လိုက်ရင် ပြိုင်ပွဲက အတော်လေးခက်သွားမှာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် မိုယက်စ် က “ချန်ပီယံလိဂ်ကနေ ရောက်လာတဲ့ အသင်းတွေဟာ ဗိုလ်လုပွဲကို သွားနိုင်မယ့် အသင်းတွေပါပဲ။ဒါပေမယ့် ကျနော်တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်တဲ့သူတွေနဲ့ ချန်ပီယံလိဂ်ရတဲ့သူတွေကို အနိုင်ရထားပါတယ်။အဲဒါကြောင့် သူတို့ကိုလည်း ပွဲကောင်း တစ်ပွဲပေးနိုင်မယ်လို့ ကျနော်ထင်ကြောင်း”ပြောခဲ့တာဖြစ်ပါတယ်။

Source: Dailymail