CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
အာဂျင်တီးနားအသင်းဖော် တချို့ဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ချယ်လ်ဆီး အသင်းကနေ ထွက်ခွာပြီး အသလက်တီကိုအသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းမှုတွေ ရှိနေပေမယ့် သူကတော့ ဒီအပြောင်းအရွှေ့ကို ငြင်းပယ်ခဲ့ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းကို ၂၀၂၃ ခုနှစ်က ဘင်ဖီကာအသင်းကနေ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် ၁၀၆.၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၃၁ ခုနှစ်အထိ ကာလရှည် စာချုပ်ချုပ်ဆိုထားတာပါ။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေ တာကြောင့် အသလက်တီကိုနဲ့ ရီးရယ်လ်အသင်းတို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
အသလက်တီကိုအသင်းမှာ ကစားနေတဲ့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အာဂျင်တီးနား အသင်းဖော်တွေဖြစ်တဲ့ ဒီပေါလ်၊ မိုလီနာ၊ အယ်လ်ဗားရက်ဇ်၊ ကော်ရီယာနဲ့ ဆီမြွန်နီတို့ဟာ သူ့ကို စပိန်ကလပ်ထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
ဒါပေမယ့် အန်ဇိုဖာနန်ဒက်ဇ်ဟာ လက်ရှိအချိန်မှာ ချယ်လ်ဆီး အသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ထားခြင်း မရှိတာ ကြောင့် အသလက်တီကိုအသင်းထံ ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ အနာဂတ်မှာတော့ စပိန်ထံပြောင်းရွှေ့ဖို့ အပါအဝင် သူ့ရဲ့ရွေးချယ်မှုတွေကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အာဂျင်တီးနား ကွင်းလယ်လူဟာ ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ ပွဲအများအပြားကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပြီး ပြိုင်ပွဲစုံ ၃၅ ပွဲ ပါဝင်ကစားထားတာမှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ထားတာပါ။
ချယ်လ်ဆီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: besoccer