CNI Sport News

၂၀၂ ခုနှစ်၊ မတ်လ ၂၂

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ကလပ်အသင်းပေါင်းများစွာ ပိုင်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုမရှိတဲ့ မက္ကဆီကိုအသင်း ကလပ်လီယွန်ကို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ဖယ်ရှားခဲ့ပါတယ်။ 

ကလပ်လီယွန်အသင်းဟာ ၂၀၂၃ ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ချန်ပီယံအဖြစ် ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ခွင့်ရခဲ့ပြီး အုပ်စုတွင်း အဖွင့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ဒါပေမယ့် ကလပ်လီယွန်အသင်းဟာ ဒီပြိုင်ပွဲမှာ ပါဝင်နေတဲ့ နောက်ထပ် မက္ကဆီကိုကလပ် ပါချူကာအသင်းနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတာကို ဖီဖာက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဖီဖာဟာ ကလပ်လီယွန်အသင်းကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

မွန်တာရေးအသင်းကို တွေ့ရစဉ်

ကလပ်လီယွန်အသင်းကတော့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူဘဲ သူတို့ကို ပြိုင်ပွဲဝင်ခွင့် ငြင်းပယ်ခဲ့တဲ့အပေါ် အားကစားခုံရုံးထံ အယူခံဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

ဖီဖာဟာ ကလပ်လီယွန်အသင်းရဲ့နေရာမှာ ကော်စတာရီကာ ကလပ်အသင်းဖြစ်တဲ့ အလာဂျူလန်ဆီအသင်းကို အစားထိုးမယ်လို့ သိရပါတယ်။ 

၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကွန်ကာကပ်ဖ်က ၄ သင်းအထိ ဝင်ခွင့်ရထားပြီး မက္ကဆီကိုကလပ် မွန်တာရေးနဲ့ မေဂျာလိဂ်ကလပ် ဆီတဲလ်ဆောင်းဒါးအသင်းတို့လည်း ယှဉ်ပြိုင်ခွင့်ရရှိထားတာပါ။ 

၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ အမေရိကန်နိုင်ငံမှာ အသင်းပေါင်း ၃၂ သင်းနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ 

Source: BBC