CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇

အက်စတွန်ဗီလာအသင်း နည်းပြ အူနှိုင်းအမ်မရီက ဇန်နဝါရီအပြောင်းအရွှေ့ မပိတ်ခင်မှာ အသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ်ရှိနေတဲ့ တိုက်စစ်မှူး ဒူရန်ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။

အူနှိုင်းအမ်မရီက “ဒီအခြေအနေတွေက လက်ရှိ အခိုက်အတန့်မှာ ကျနော်တို့ကို ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ဖို့ မကူညီနိုင်ပါဘူး။ ဒါပေမယ့် ဒူရန်ဟာ ကျနော်တို့ရဲ့ ကစားသမားဖြစ်ပြီး ကျနော်ကတော့ သူနဲ့အတူ ပျော်ရွှင်နေ ပါတယ်။ ကျနော်ကတော့ သူ့ကို ကျနော်တို့နဲ့အတူ ဒီမှာဆက်ပြီး ရှိစေချင်ပါတယ်”လို့ ဒူရန်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး Sky Sports ကိုပြောခဲ့တာပါ။

ဒူရန်ဟာ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာလည်း အရန်ခုံပေါ်မှာ ထိုင်ခဲ့ရပြီး ပွဲကစားချိန် နည်းပါးမှုတွေ ကြောင့် ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမှာ ထင်ကြေးတွေ အများအပြား ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒူရန်ကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ အာဆင်နယ်၊ ဝက်စ်ဟမ်း၊ ပီအက်စ်ဂျီနဲ့ အယ်လ်နာဆာအသင်းတို့က စိတ်ဝင်စား နေတာပါ။

အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒူရန်အတွက် ပေါင် ၅၇ သန်းနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ကမ်းလှမ်း မှုကို ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။

ဒူရန်ကို တွေ့ရစဉ်

ဗြိတိန်မီဒီယာတွေက အက်စတွန်ဗီလာအသင်းဟာ ဒူရန်အတွက် အနည်းဆုံးပေါင် ၈၅ သန်း လိုချင်နေတယ်လို့ ဖော်ပြထားတာပါ။

အက်စတွန်ဗီလာအသင်း နည်းပြ အူနှိုင်းအမ်မရီက ဒူရန်ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ အနှောင့်အယှက် ဖြစ်ပေမယ့် သူ့ကို ကလပ်မှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။ 

ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါက အက်စတွန်ဗီလာအသင်းအနေနဲ့ ဒီရာသီမှာ အသင်းအတွက် ၁၂ ဂိုး သွင်းယူထားတဲ့ ဒူရန်ကို ရောင်းချသင့်တယ်လို့ အကြံပြုထားတာပါ။ 

အက်စတွန်ဗီလာအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေကာ အဆင့် ၄ နေရာက မန်စီးတီးအသင်းနဲ့ ၄ မှတ်ကွာဟနေပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဆဲလ်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Metro