CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆
အင်္ဂလန်အသင်းနည်းပြဟောင်း အဲရစ်ဆင်ဟာ ကွယ်လွန်ချိန်မှာ အကြွေး ပေါင်သန်းပေါင်းများစွာ ချန်ခဲ့တဲ့အတွက် သူ့ရဲ့မိသားစုဟာ သူရရှိခဲ့တဲ့ ဘောလုံးဆုဖလားတွေကို ရောင်းချဖို့ လုပ်ဆောင်နေခဲ့ပါတယ်။
ပန်ခရိကင်ဆာရောဂါ ဝေဒနာခံစားခဲ့ရတဲ့ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်မှာ ကွယ်လွန်ခဲ့တာပါ။
အဲရစ်ဆင်ဟာ ကွယ်လွန်ချိန်မှာ ပိုင်ဆိုင်မှု ပေါင် ၄.၈ သန်းကို ချန်ခဲ့ပေမယ့် အကြွေးက ပေါင် ၈.၆၄ သန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။
အဲရစ်ဆင်ဟာ နှစ်ပေါင်းများစွာကြာ ငွေကြေးစီမံခန့်ခွဲမှု မှားယွင်းခဲ့တာကြောင့် ကွယ်လွန်ချိန်မှာ အကြွေး ပေါင်သန်းနဲ့ချီပြီး ရှိခဲ့တာပါ။
The Mirror က အဲရစ်ဆင်ရဲ့ မိသားစုဟာ အကြွေးတွေကို ဖြေရှင်းဖို့အတွက် သူ့ရဲ့ဘောလုံး အမှတ်တရတွေကို အထူးလေလံပွဲကျင်းပဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားတာပါ။
အဲရစ်ဆင်ရဲ့ ကြွေးမြီအများဆုံးဟာ ဘဏ္ဍာရေး အကြံပေးဖြစ်သူကို ပေါင် ၁၀ သန်း ဆုံးရှုံးခဲ့တာက အဓိက အကြောင်းအရင်းဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ တရားစွဲကာ အမှုအနိုင်ရခဲ့ပေမယ့် ငွေကြေးပြန်မရခဲ့ဘူးလို့ သိရပါတယ်။
အဲရစ်ဆင် ကွယ်လွန်သွားခြင်းကို ပြသထားစဉ်
အဲရစ်ဆင်ဟာ သူ့ရဲ့ ထင်ရှားကျော်ကြားခဲ့တဲ့ နည်းပြဘဝမှာ အင်္ဂလန်၊ လာဇီယို၊ ရိုးမား၊ မန်စီးတီး၊ မက္ကဆီကို၊ လက်စတာအသင်း အပါအဝင် အသင်းအများအပြားကို ကိုင်တွယ်ခဲ့တာပါ။
အဲရစ်ဆင် ကွယ်လွန်ပြီးနောက် သူ့ရဲ့မိသားစုဟာ ကြီးမားတဲ့ အကြွေးတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အဲရစ်ဆင်ရဲ့ အကြွေးတွေကြောင့် သူတို့မိသားစုနေအိမ်ကို အရောင်းစာရင်း တင်သွင်းထားတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
အဲရစ်ဆင်ရဲ့ ရှေ့နေဖြစ်သူက လေလံပွဲမှာ ရောင်းချမယ့် အမှတ်တရတွေ အများကြီးရှိပြီး လေလံပွဲက အင်တာနက် ကို အခြေခံမှာဖြစ်တယ်လို့ The Mirror ကို ပြောထားပါတယ်။
အဲဒါကြောင့် လေလံပွဲကနေ အဲရစ်ဆင် မိသားစုရဲ့ ကြွေးမြီတွေကို ဘယ်လောက်အထိ လျှော့ချနိုင်မလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
Source: Goal