CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားတွေ ခေါ်ယူဖို့ ရခဲ့တဲ့အခွင့်အရေးကို ငြင်းပယ်ခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဂွာဒီယိုလာက “နွေရာသီတုန်းက ကလပ်ဟာ ကစားသမားတွေ ခေါ်ယူဖို့အကြောင်းကို စဉ်းစားခဲ့ပေမယ့် ကျနော် က ဘယ်သူ့ကိုမှ မခေါ်ယူချင်ဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ ကျနော်ဟာ အသင်းကို အားကိုးခဲ့ပြီး သူတို့နဲ့ အတူဆက်ရှိ ချင်ခဲ့တာပါ။ ဆာဗီယို ရောက်ရှိလာပြီး ဂွန်ဒိုဂန်လည်း ပြန်လာခဲ့ပေမယ့် ကျနော်ဒါကို မမျှော်လင့်ထားခဲ့ပါဘူး။ ကျနော်ဟာ သူတို့ကို အများကြီး အားကိုးတဲ့အတွက် ထပ်ပြီးလုပ်နိုင်မယ်လို့ တွေးခဲ့တာပါ။ ဒါပေမယ့် ဒဏ်ရာတွေ ရပြီးနောက်မှာတော့ ကစားသမားတွေ ခေါ်ယူဖို့ လုပ်ခဲ့သင့်ပါတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီအတွင်းမှာ အဓိက ကစားသမား အများအပြားရဲ့ ဒဏ်ရာကြောင့် ရလဒ်တွေ ဆိုးရွားခဲ့ ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာအထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းကို တွေ့ရစဉ်
အဲဒါကြောင့် မန်စီးတီးအသင်းဟာ ဇန်နဝါရီမှာ ကစားသမားသစ်တွေ အားဖြည့်နိုင်ဖို့ လုပ်ဆောင်နေပြီး လန်းစ် အသင်း နောက်ခံလူ ခူဆာနော့ဗ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိထားသလို ဖရန့်ဖတ်အသင်း တိုက်စစ်မှူး အိုမာမာမော့ရှ်ကိုခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေတာပါ။
မန်စီးတီးအသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေသလို အသင်းခေါင်းဆောင် ဝေါ်လ်ကာဟာ ထွက်ခွာခွင့် တောင်းဆိုထားပြီး အေစီမီလန်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
မန်စီးတီးအသင်းရဲ့ ကြယ်ပွင့်ကစားသမား မက်အတီးကို ခေါ်ယူဖို့ ဂျာမနီကလပ်တွေက စိတ်ဝင်စားနေတာပါ။
မန်စီးတီးအသင်း နည်းပြဂွာဒီယိုလာက ဝေါ်လ်ကာဟာ အခုအချိန်ထိ သူတို့ရဲ့ ကစားသမားအဖြစ် ရှိနေသလို မက်အတီးကတော့ အသင်းမှာ ဆက်ရှိမယ်လို့ ပြောထားပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အဖြစ် ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ဘရန်ဖို့ဒ်အသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN