၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁

အာဆင်နယ်အသင်းနောက်ခံလူ ဂါဘရီရယ်လ် က သူ့ရဲ့ပေါင် ၄၅၀၀၀ တန်ကြေးရှိတဲ့ မာစီဒီးစ်ကားကို ဓါးပြလာတိုက်သူ နှစ်ဦးကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဓါးပြနှစ်ဦးဟာ အိမ်ကိုပြန်လာတဲ့ ဂါဘရီရယ်လ်နဲ့ သူ့ရဲ့သူငယ်ချင်းတို့ကို ကားပေါ်ကနေ ဆင်းခိုင်းပြီး ကားသော့၊ ဖုန်းနဲ့ နာရီတို့ကို တောင်းခဲ့တာဖြစ်ပါတယ်။ ထိတ်လန့်စရာကောင်းတဲ့ စီစီတီဗီမှတ်တမ်းတွေအရ မျက်နှာဖုံးစွပ်ထားတဲ့ ဓါးပြဟာ ငွေရောင်ဘေ့စ်ဘောတုတ်နဲ့ ဘရာဇီးလ်ကစားသမားကို ရိုက်နှက်နေတဲ့ပုံကို မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဂါဘရီရယ်လ်ကလည်း သူ့ကို ရိုက်ဖို့ကြိုးစားတဲ့ ဓါးပြကို နပန်းလုံးသတ်ပုတ်ကာ နောက်ဆုံးမှာ မျက်နှာ ကို လက်သီးနဲ့ထိုးခဲ့တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ နောက်ပိုင်းမှာ ဓါးပြဟာ သူ့နဲ့အတူလိုက်ပါ လာတဲ့ ကြံရာပါနဲ့အတူ ထွက်ပြေးသွားခဲ့တာပါ။

အဆိုပါ ဓါးပြကို ပြီးခဲ့တဲ့ သြဂုတ်လက လုယက်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာမှာ ပြုတ်ကျကျန်ခဲ့တဲ့ ၎င်းတို့ရဲ့ ဦးထုပ်ကနေတဆင့် DNA နဲ့ ပြန်လိုက်ရာမှ ရဲတွေကချိတ် ဆက်မိခဲ့တာပါ။ ဒါကြောင် အက်ဒါရာဟမ်မြုစ့် ဆိုသူ ဓါးပြကို ဖမ်းဆီးရမိခဲ့ပြီး၎င်းဟာ ပြီးခဲ့တဲ့လကမှ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

စီစီတီဗီ မှတ်တမ်းတွေအရ ဂါဘရီရယ်လ်နဲ့ သူ့ရဲ့သူငယ်ချင်းတို့ဟာ မာစီဒီးစ်ကားပေါ်ကနေ ဆင်းလာချိန်မှာ ဓါးပြနှစ်ဦးက ချဉ်းကပ်လာပြီး ဂါဘရီရယ်လ်ရဲ့ ကားသော့၊ နာရီနဲ့ဖုန်းတို့ကို တောင်းခဲ့တာကြောင့် ပေးခဲ့ရပြီး လက်ကိုလေပေါ်မှာ မြှောက်ထားရတဲ့ပုံစံနဲ့  နေခဲ့ရတာပါ။ ဓါးပြက ဂါဘရီရယ်လ်ကို အနောက်ကနေ လိုက်မလာ နိုင်အောင် ဘေ့စ်ဘောတုတ်နဲ့ ရိုက်ခဲ့တဲ့အခါမှာတော့ ဂါဘရီရယ်လ်ကလည်း ဓါးပြကို ပြန်ဆွဲပြီး မျက်နှာကို ဆက်တိုက်ထိုးခဲ့တဲ့အတွက်ကြောင့် ဓါးပြဟာ ထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

တော့တန်ဟမ်မှာနေထိုင်တဲ့ အက်ဒါရာဟမ်မြုစ့်ဟာ တားမြစ်ထားတဲ့ လက်နက်တွေကို လက်ဝယ်ပိုင်ဆိုင် ထားရှိတဲ့အတွက် ၂၀၀၉ ခုနှစ်ကတည်းက စွဲချက်အများအပြား ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ ၎င်းဟာ ဘိန်းဖြူဖြန့်ချိမှု၊ လက်ဝယ်ထားရှိမှုနဲ့ ထောင်ဒဏ် ၅၆ လ ချမှတ်ခံထားရသူဖြစ်ပြီး ဂါဘရီရယ်လ်ကို တိုက်ခိုက်တဲ့ အချိန်မှာ သူဟာ ခံဝန်နဲ့နေထိုင်နေရတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

Sourc: The Sun