CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃၀

ကမ္ဘာ့နံပတ်တစ် ဂေါဖ့်ကစားသမားဟောင်း တိုက်ဂါးဝုဒ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှုကြောင့် အချိန်ပြည့်ကစားနိုင်ဖို့ မမျှော်လင့်ထားဘူးလို့ ပြောလိုက်ပါတယ်။

အဓိက ချန်ပီယံဆု ၁၅ ကြိမ် ရရှိထားတဲ့ တိုက်ဂါးဝုဒ်ဟာ ညာဘက်ခြေထောက်အောက်ပိုင်း ကျိုးသွားတဲ့ ဒဏ်ရာ တွေကို ခွဲစိတ်ကုသခံခဲ့ရသလို ခြေဖဝါးနဲ့ခြေကျင်းဝတ်မှာလည်း ဒဏ်ရာပြဿနာတွေ ရရှိခဲ့တာဖြစ်ပါတယ်။ အခုလ အစောပိုင်းက တိုက်ဂါးဝုဒ်ဟာ ယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ဂေါ့ဖ်ရိုက်နေတဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပြီး တိုးတက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တိုက်ဂါးဝုဒ်က ထိပ်ဆုံးကို ရောက်ဖို့ဆိုတာ လက်တွေ့ကျတဲ့ မျှော်လင့်ချက်မဟုတ်ဘူးလို့ ပြောခဲ့ပါ တယ်။တိုက်ဂါးဝုဒ်က “တစ်နှစ်မှာ ရှိတဲ့ပွဲအနည်းငယ်ကို ရွေးချယ်ပြီး အဲ့ဒါကို ကစားရပါမယ်။ ဒါက အခုမှ စတင် ပြီး ကစားရတော့မှာပါ။ ဒါဟာ ကံဆိုးတဲ့ဖြစ်ရပ်မှန်ဖြစ်ပေမယ့် ဒါဟာ အဖြစ်မှန်ပါပဲ။ ဒါကို ကျနော်နားလည်သလို ကျနော်လက်လည်းလက်ခံပါတယ်”လို့ Golf Digest နဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ် ရဲဌာနကတော့ တိုက်ဂါးဝုဒ် ဟာ ကားပေါ်မှာ တစ်ဦးတည်းစီးနင်းလာခဲ့ပြီး ထိုင်ခုံခါးပတ် ဝတ်ဆင်ထားလို့ ကံ ကောင်းတယ်လို့တောင် မှတ်ချက်ပေးခဲ့ပါတယ်။

၎င်းက “အခုထိသွားစရာရှိနေပါသေးတယ်။ ကျနော်က လမ်းတစ်ဝက်တောင်မရောက်သေးပါဘူး။ ကျနော့်ရဲ့ ခြေထောက်မှာ ကြွက်သားတွေဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အာရုံကြောတွေဖွံ့ဖြိုးလာတာတွေလည်း အများကြီး ရှိပါတယ်”လို့ ပြောပါတယ်။ အမေရိကန်အားကစားသမားဟာ ၂၀၂၀ ဒီဇင်ဘာလကတည်းက ပြိုင်ပွဲတွေ မကစား ရသေးတာလည်းဖြစ်ပါတယ်။ တိုက်ဂါးဝုဒ် ဟာ ယာဉ်မတော်တဆမှုမဖြစ်ပွားခင်ကလည်း ၅ ကြိမ်မြောက် နောက် ကျော ခွဲစိတ်မှု ပြုလုပ်ခဲ့ပါသေးတယ်။

“ကျနော့်နောက်ကျောကို ပေါင်းစပ်ပြီးနောက် ဧဝရတ်တောင်ကို နောက်တကြိမ်တက်ခဲ့ရပါတယ်။ ဒီတခါတော့ ဧဝရတ်တောင်ကို ခန္ဓာကိုယ်ရှိမယ်တောင်မထင်ပါဘူး။ ဒါပေမယ့် အဆင်ပြေပါတယ်။ ဂေါဖ့်ကစားနည်းမှာ ကျနော် ပါဝင်နိုင်ပါသေးတယ်။ ကျနော့်ခြေထောက်က အဆင်ပြေမယ်ဆိုရင်တော့ ပြိုင်ပွဲတခုမှာ ဝင်ရောက်ယှဉ်ပြိုင်ချင် ပါသေးတယ်။ ဒါပေမယ့် တောင်ထိပ်ကို ပြန်တက်ရသလောက်တော့ ဒါဟာ ကျနော့်အတွက် လက်တွေ့ကျတဲ့ မျှော်လင့်ချက်လို့ မထင်ကြောင်း”ပြောခဲ့တာဖြစ်ပါတယ်။

Source: BBC