၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၇

မန်ယူအသင်း ကစားသမားအချို့က ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ရာမှာ အသင်းက သူတို့ အား အသိမပေးပဲ လုပ်ဆောင်နေတဲ့အပေါ် ပေါက်ကွဲနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မန်ယူအသင်းဟာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် ရာသီအကုန်ထိ ယာယီနည်းပြခန့်အပ်ဖို့ နည်းပြ အများအပြားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်း တာဝန်ရှိသူတွေကတော့ လိုက်ပ်ဇစ် အသင်းနည်းပြဟောင်း ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ရက်ဂ်နစ်ကို ရာသီအကုန်ထိ ယာယီနည်းပြအဖြစ် ခန့်အပ်မှာဖြစ်ပြီး စာချုပ်ကုန်ဆုံးသွားရင် အတိုင်ပင်ခံ ရာထူးအတွက် (၂)နှစ်စာချုပ်နဲ့ ထပ်မံခန့်အပ်ဖို့ပါ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

မန်ယူအသင်း ကစားသမားအချို့ကတော့ ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်တာမှာ အသင်းအနေနဲ့ ကစားသမား တစ်ဦးချင်းစီကို အဆက်အသွယ် မပြုလုပ်သလို၊ ကစား သမားတွေရဲ့ WhatsApp ဂရု(ပ်)ကနေလည်း အဆက်အသွယ် မပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားတွေက သူတို့ကို အမှောင်ထဲမှာ ထားထားတယ်ဆိုပြီး ပေါက်ကွဲနေ ကြတာလို့ The Times က ဖော်ပြခဲ့တာပါ။

ပုံ-ယာယီနည်းပြ ကာရစ်နဲ့မန်ယူကစားသမားများ။ (SPORTbible 1)

ဒါပေမယ့် မန်ယူ အသင်းကစားသမားတွေကတော့ ရက်ဂ်နစ် ရောက်ရှိလာပြီး ကစားဖို့ အကောင်အထည်ဖော်မယ့် အစီ အစဉ်ကို စိတ်ဝင်စားနေတယ်လို့ အဆိုပါ သတင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ရက်ဂ်နစ်ကို ခေါ်ယူခဲ့ တာကြောင့် သူ့ရဲ့ ကလပ်အသင်းဖြစ်တဲ့ လိုကိုမိုးတစ်မော်စကို အသင်းကို လျော်ကြေး ပေးချေစရာ မလိုဘူးလို့ သိရပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ အသင်းကို ဆုဖလား ဒါမှမဟုတ် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် လုပ်ပေးနိုင်တယ် ဆိုရင်တော့ အပိုဆုကြေး ရရှိမှာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ (၅)ပွဲ အထိ အရေးနိမ့်ထားတာပါ။

ဒီလို ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၈) နေရာမှာ ရောက်ရှိနေတာပါ။ မန်ယူအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို ကာရစ်ကပဲ ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

ရက်ဂ်နစ်ကတော့ အာဆင်နယ် အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှ မန်ယူအသင်းကို စတင် ကိုင်တွယ်ဖွယ် ရှိနေတာလည်း ဖြစ်ပါ တယ်။

Source:Metro.co.uk