CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၅
အာဆင်နယ် အသင်းရဲ့အပြောင်းအရွှေ့ ပစ်မှတ်ဖြစ်တဲ့ ဗလာဟိုဗစ်က အီးမရိတ်ကို လာဖို့ စိတ်မဝင်စားဘူးလို့ အာဆင်နယ် အသင်းကို ပြောလိုက်ပြီး အပြောင်းအရွှေ့ကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပါတယ်။
ဖီအိုရင်တီးနား အသင်းတိုက်စစ်မှူးဟာ ဂိုးသွင်းစွမ်းရည် ထက်မြတ်နေတာဖြစ်ပြီး ဒီရာသီ ၁၄ ပွဲ ကစားပြီးချိန်မှာ ၁၂ ဂိုး သွင်း ယူထားတာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားနဲ့ ဗလာဟိုဗစ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမှာ ဖြစ်ပါ တယ်။
ဒါပေမယ့် အသက် ၂၁ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဖီအိုရင်တီးနား အသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ အသင်း က အတည်ပြုထားပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် ဖီအိုရင်တီးနား အသင်းဟာ ဆားဘီးယား တိုက်စစ်မှူးကို အလွတ်နဲ့ မဆုံးရှုံး ချင်ရင် အခုလာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဒါမှမဟုတ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချသွားရတော့မှာလည်း ဖြစ်ပါ တယ်။
သတင်းတွေအရ အီတလီကလပ်ဟာ ဗလာဟိုဗစ်အတွက် ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အဆင်သင့် ရှိနေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ပုံ- ဖာဘရီဇီယိုရိုမန်နိုကို တွေ့ရစဉ်။ (Football London)
အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အလွန် စိတ်အားထက်သန် နေတာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ပတ် ကတည်းက ဖီအိုရင်တီးနား အသင်းထံ ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး ဂျာနယ်လစ်ဖြစ်တဲ့ ဖာဘရီဇီယို ရိုမန်နိုကတော့ ဗလာဟို ဗစ်ဟာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့မှာ မဟုတ်တဲ့အပြင် အသင်းကလည်း လန်ဒန်ကလပ်နဲ့ ဖုန်းပြောဆိုမှုတွေကို ရပ်တန့်လိုက်ပြီလို့ ပြောခဲ့ပါတယ်။
ဖာဘရီဇီယို ရိုမန်နိုက ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး “အာဆင်နယ် အသင်းဟာ လွန်ခဲ့တဲ့ ၂ ပတ်ကို ဖီအိုရင်တီးနား အသင်းကို ပြောင်းရွှေ့ကြေး အပါအဝင် အရာအားလုံးနဲ့ ချဉ်းကပ်ခဲ့ပေမယ့် ကစားသမားက စိတ်ဝင်စားခြင်း မရှိတာ ဖြစ်ပါ တယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ဖာဘရီဇီယို ရိုမန်နိုက “သူ့ရဲ့ အေးဂျင့်တွေက အာဆင်နယ်က ဖုန်းခေါ်ဆိုတာကို ဖြေဆိုခြင်း မရှိဘူးလို့လည်း ပြော ထားပါတယ်။ သူက အခုအချိန်မှာ အာဆင်နယ်ရဲ့ ခေါ်ဆိုမှုတွေကို ဖြေကိုမဖြေချင်တာပါ’လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
စပါး၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နဲ့ ဂျုဗင်တပ်စ်တို့ အပါအဝင် အသင်းအချို့ကလည်း ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထား နေကြပြီး သူ့ကို လတ်မှတ်ထိုးနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။
Source:Metro.co.uk