CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမား အွန်နရီက ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆု အတွက် မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီကို ရွေးချယ်ခဲ့ပါတယ်။ 

အွန်နရီက “ကျနော်က ရိုဒရီကို ရွေးချယ်ချင်ပါတယ်။ ကျနော်ဟာ ဇာဗီနဲ့ အင်နီယေစတာတို့ အကောင်းဆုံး ခြေစွမ်းပြသနေချိန်မှာ သူတို့ကို ဒီဆုရရှိစေချင်တာပါ။ လူတွေက ကွင်းလယ် ကစားသမားတွေအကြောင်းကို မေ့နေကြပါတယ်။ သူတို့တွေဟာ အသင်းရဲ့နှလုံးသားတွေဖြစ်ပြီး ရိုဒရီက မန်စီးတီးအသင်းရဲ့နှလုံးသားပါ။ သူဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားမရခဲ့ပေမယ့် နွေရာသီက စပိန်အသင်းနဲ့ ယူရိုဖလားရရှိခဲ့ပါတယ်”လို့ CBS Sports ရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။ 

၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီနဲ့ ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်တို့ နှစ်ဦးထဲက တစ်ဦးရရှိဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ထွက်ပေါ်နေတဲ့ သတင်းတွေမှာ ဗီနီစီးယက်စ်က ဒီဆုကို ရရှိလိမ့်မယ်လို့ ဖော်ပြထားကြပါတယ်။ 

ရိုဒရီကို တွေ့ရစဉ်

အွန်နရီဟာ ဘောလွန်းဒီအောဆုအတွက် ရိုဒရီကို ရွေးချယ်ခဲ့ပေမယ့် ဗီနီစီးယက်စ်လည်း ဒီဆုကို ရရှိဖို့ ထိုက်တန် တဲ့သူလို့ ပြောခဲ့တာပါ။ 

ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းနဲ့အတူ လာလီဂါ၊ ချန်ပီယံလိဂ်ဖလားတွေမှာ အောင်မြင်မှု ရယူနိုင်ခဲ့ပေမယ့် ဘရာဇီးလ်အသင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ စွမ်းဆောင်ရည် မကောင်းခဲ့တဲ့အပေါ် ထောက်ပြမှုတွေရှိနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်း နောက်ခံလူ ကာရေဂါကတော့ ဗီနီစီးယက်စ်နဲ့ ရိုဒရီတို့ နှစ်ဦးထဲက ဗီနီစီးယက်စ်ကို ရွေးချယ် သွားခဲ့တာပါ။ 

၂၀၂၄ ခုနှစ် ဘောလွန်းဒီအောဆု ချီးမြှင့်ပွဲကို အောက်တိုဘာ ၂၈ ရက်တွင် ပဲရစ်မှာ ကျင်းပသွားမှာဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဘောလွန်းဒီအောဆုတွေ အပါအဝင် ဆုအများအပြား ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 

Source: Metro