CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁

ဘရာဇီးလ်အသင်း တိုက်စစ်မှူး နေမာက သူ့ရဲ့ ၁၂ လကြာ ဒဏ်ရာအိပ်မက်ဆိုးအကြောင်းကို NR Sports YouTube channel နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောရင်းငိုကြွေးခဲ့ပါတယ်။ 

နေမာက “ကျနော် အကြီးအကျယ် နာကျင်ခံစားခဲ့ရပြီး ဒါက လေးနက်တယ်ဆိုတာကို သိပါတယ်။ ဘဝမှာ အလိုချင်ဆုံးအရာက ဘောလုံးကစားဖို့ဖြစ်ပြီး ကွင်းနဲ့ ဝေးကွာနေရတဲ့အတွက် ကျနော် နေ့တိုင်းခံစားနေရပါတယ်။ ဒါက ကျနော့်ကို အနာကျင်ရဆုံးပါပဲ။ ကျနော်ဟာ ဘဝရဲ့အရေးပါဆုံးလူတွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဘောလုံးကို အာရုံစိုက်နေပါတယ်။ ဒဏ်ရာတွေရတိုင်း ပြန်ထပြီး လမ်းတစ်ဝက်နဲ့ ဘယ်တော့မှလှည့်မပြန်ဘူး”လို့ ပြောခဲ့တာပါ။ 

၂၀၂၃ နွေရာသီက ပီအက်စ်ဂျီအသင်းကနေ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ ဆော်ဒီကလပ် အတွက် ၅ ပွဲသာ ပါဝင်ကစားရသေးတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ နေမာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပါဝင်ကစားချိန် ပြင်းထန်တဲ့ ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

နေမာကို တွေ့ရစဉ်

အဲဒါကြောင့် နေမာဟာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ဘောလုံးလောကနဲ့ ၁ နှစ်ကြာ ဝေးကွာခဲ့တာပါ။ 

အခုအချိန်မှာတော့ နေမာဟာ အယ်လ်ဟီလယ်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အယ်လ်အိန်းအသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းထဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်းနဲ့ နေမာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပေမယ့် နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်ရှိနေတာပါ။ 

အဲဒါကြောင့် အယ်လ်ဟီလယ်အသင်းဟာ နေမာကို စာချုပ်သက်တမ်းတိုးဖို့ ရှိနေပါတယ်။ 

အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားသလို အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတာဖြစ်ပါတယ်။

Source: Dailymail