၂၀၂၁ ခုနှစ်၊

ဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက် ကစားသမားဖြစ်ရတာ ပျော်ရွှင်လိုက်ပါလို့ ကစားသမားတွေကို တိုက်တွန်းခဲ့သလို ဒီထက်ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတာကို သိတယ်လို့လည်း ပြောလိုက်ပါတယ်။

ဆိုးလ်ရှားဟာ ဝက်ဖိုဒ့်အသင်းကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ ရတာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ထုတ်ပယ်ခံခဲ့ရပေမယ့် အသင်းကို နှုတ်ဆက်တဲ့ အင်တာဗျူးပြော သွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင်ကစားသမားဖြစ်သူ ဆိုးလ်ရှားက နှုတ်ဆက်စကား ပြောဆိုခဲ့ရာမှာ မျက်ရည်တွေ ဝဲနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆိုးလ်ရှားရဲ့နေရာမှာ အသင်းရဲ့ လက်ထောက်နည်းပြဖြစ်တဲ့ မိုက်ကယ်ကာရစ်ကို နည်းပြသစ် မခန့်အပ်ရခင် အချိန်ထိ ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ပုံ-ဆိုးလ်ရှားနဲ့မန်ယူကစားသမားများ။ (Football London)

ဆိုးလ်ရှားက “ကျနော် ဒီမနက်က ကစားသမားတွေကို ပြောခဲ့သလိုပါပဲ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ငါတို့ အခုထက် ပို ကောင်းအောင် လုပ်နိုင်တယ်ဆိုတာကို သိပါတယ်။ ကျနော်တို့ ဒါကို မပြသနိုင်ခဲ့ပေမယ့် အပြင်သွားတဲ့အခါ ရင်ဘတ်ကော့ပြီး ယူနိုက်တက် ကစားသမားဖြစ်ရတာကို ပျော်ရွှင်လိုက်စမ်းပါ။ ချန်ပီယံလိဂ်လို ကြီးမားတဲ့ ပြိုင်ပွဲယှဉ်ပြိုင်ရတာ ဂုဏ်ယူကြပါ” လို့ ပြောပါတယ်။

 

ဒါ့အပြင် ဆိုးလ်ရှားက “ချန်ပီယံလိဂ်မှာဆိုရင် အခုလာမယ့်ပွဲကို အနိုင်ရတာနဲ့ နောက်တဆင့် တက်နိုင်တော့မှာပါ။ ကာရစ်က အခု အသင်းကို ကိုင်တွယ်တော့မှာပါ။ ကာရစ်ကို ကျနော် အများကြီး လေးစားမှုရှိပါတယ်။ ကာရစ်ကို ကျနော် ချစ်မြတ်နိုးပါ တယ်။ သူဟာ ထိပ်တန်းအဆင့် ရှိတဲ့သူဆိုတော့ အသင်းဟာ ပြန်ကောင်းလာမှာပါ။ ကျနော် သူတို့ရဲ့ ပွဲတွေကို ကြည့်သွားမှာ ဖြစ်သလို အားလည်း ပေးသွားမှာပါ။ ကျနော်က ပရိသတ်အနေနဲ့ ကစားသမားတွေ အကောင်းဆုံး လုပ်နိုင်ပါစေလို့ ဆုတောင်း ပေးချင်ပါတယ်။ ဒီမှာ အလွန်ကောင်းမွန်တဲ့ ကစားသမားတွေလည်းရှိသလို လူကောင်းတွေလည်း ရှိပါတယ်”လို့ ပြောခဲ့ပါ တယ်။

ယူနိုက်တက် ကစားသမားဟောင်းက ထပ်ပြီး “ကျနော် အသင်းကို သေချာပေါက်ကို ကြည့်သွားမှာပါ။ နောက်ထပ် ရောက် လာမယ့် နည်းပြကိုလည်း အားပေးသွားမှာပါ။ သူအောင်မြင်တာကို ကျနော်မြင်ချင်ပါတယ်။ ကျနော်လုပ်ခဲ့တဲ့ အရာတွေကို ကောင်းကောင်း သိတာကြောင့် ဒီလိုဖြစ်လာဖို့ အုတ်မြစ်ချနိုင်ခဲတာလို့ မျှော်လင့်ကြောင်း လည်း” ပြောသွားခဲ့တာ ဖြစ်ပါ တယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ် နောက်တဆင့် တက်ဖို့ အရေးပါတဲ့ အုပ်စုပွဲစဉ်အဖြစ် ဗီလာရီးရယ်လ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Metro.co.uk