CNI Sport News

 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဂျာမန်လူမျိုးနည်းပြ မိုက်ကယ်နဲ့ လမ်းခွဲပြီးနောက် လစ်လပ်နေတဲ့ နည်းပြ ရာထူးအတွက် ရှမ်းယူနိုက်တက်အသင်း နည်းပြဟောင်း ဦးမျိုးလှိုင်ဝင်းကို စက်တင်ဘာလက စတင်ကာ နည်းပြ အဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

လက်ရွေးစင် ကစားသမား ဘဝတုန်းက အောင်မြင်မှုအချို့ ရယူနိုင်ခဲ့တဲ့ ဦးမျိုးလှိုင်ဝင်းဟာ သူ့ရဲ့ဦးဆောင်မှုနဲ့ နည်းပြ/အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး စင်္ကာပူ၊ လက်ဘနွန်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ မြန်မာအသင်းကို နည်းပြဘဝ သူ့ရဲ့ပထမဆုံး ပွဲစဉ်တွေအဖြစ် တာဝန်ယူ ကိုင်တွယ်သွားမှာပါ။

 ဦးမျိုးလှိုင်ဝင်းကို တွေ့ရစဉ်

ဦးမျိုးလှိုင်ဝင်းဟာ မြန်မာအသင်းနည်းပြဘဝ သူ့ရဲ့ပထမဆုံး ပြိုင်ပွဲအဖြစ် ဒီဇင်ဘာလမှာ ယှဉ်ပြိုင်မယ့် AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် ဦးဆောင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဦးမျိုးလှိုင်ဝင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်းကို ဖော်ပြ ထားခြင်း မရှိပါဘူး။ 

မြန်မာအသင်းဟာ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲပြီးရင် ၂၀၂၅ ခုနှစ်ထဲမှာ အာရှဖလားခြေစစ်ပွဲတွေ၊ နိုင်ငံတကာ ခြေစမ်းပွဲတွေ ဆက်ပြီး ယှဉ်ပြိုင်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။