CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၄

မာဆေးလ်အသင်း တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားတော့မှာ မဟုတ်ဘဲ ယူနိုက်တက်အသင်း နည်းပြဟောင်း မက္ကလာရင် ကိုင်တွယ်နေတဲ့ ဂျမေကာအသင်းအတွက် ပါဝင် ကစားပေးဖို့ ရှိနေပါတယ်။ 

ဂျမေကာဘောလုံးအဖွဲ့ချုပ်ဟာ ဂရင်းဝုဒ်ကို နိုင်ငံအသင်းအတွက် ပါဝင်ကစားနိုင်စေဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ ချုပ်ထံ ချဉ်းကပ်ထားပြီး သူ့ရဲ့ စာရင်းမှတ်ပုံတင်ခြင်းကို လွှဲပြောင်းပေးဖို့ တောင်းဆိုထားတာပါ။ 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဂျမေကာဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့တာကြောင့် ဒီလုပ်ငန်းစဉ်ကို ဆက်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၂၀ ခုနှစ်က အိုက်စလန်အသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ၁ ပွဲ ပါဝင်ကစားထားပေမယ့် အမျိုးသမီးတွေကို ဟိုတယ်ထဲ ဖိတ်ခေါ်ပြီး ကိုဗစ်ကွာရန်တင်း စည်းမျဉ်းကို ချိုးဖောက်ခဲ့တာပါ။ 

အဲဒါကြောင့် ဂရင်းဝုဒ်ဟာ အိမ်ပြန်ပို့ ခံရပြီးကတည်းက အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရခြင်း မရှိတော့ပါဘူး။ 

ဂရင်းဝုဒ်ကို တွေ့ရစဉ်

ဒါအပြင် ဂရင်းဝုဒ်ဟာ မုဒိမ်းမှု အပါအဝင် စွဲချက် အများအပြားကြောင့် အင်္ဂလန်အသင်းမှာ ပါဝင်ကစားဖို့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။ 

ဂျမေကာဘောလုံးအဖွဲ့ချုပ်ဟာ ဂရင်းဝုဒ်ကို သူ့အပေါ်  စွဲဆိုထားတဲ့ စွဲချက်တွေကနေ လွတ်မြောက်ပြီးကတည်း က ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် သူကတော့ အင်္ဂလန်အသင်းက သူ့ကိုပြန်လည်ခေါ်ယူဖို့ မျှော်လင့်ချက်နဲ့ ဒါကို ကနဦးပယ်ချခဲ့တာပါ။ 

ဒါပေမယ့် ဂျမေကာအသင်းဟာ ယူနိုက်တက်အသင်း လက်ထောက်နည်းပြဟောင်း မက္ကလာရင်ကို နည်းပြသစ် အဖြစ် ခန့်အပ်မှုဟာ ဂရင်းဝုဒ်အပေါ် သက်ရောက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ဂျမေကာအသင်းဟာ စက်တင်ဘာထဲမှာ ကွန်ကာကပ်ဖ် နေးရှင်းလိဂ်ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး ဒီပွဲတွေ အတွက် အသင်းလူစာရင်းမှာ ဂရင်းဝုဒ်ကို ရွေးချယ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ 

ဂျမေကာအသင်းဟာ စက်တင်ဘာ ၆ ရက်မှာ ကျူးဘား၊ ၁၀ ရက်မှာ ဟွန်ဒူးရပ်စ်အသင်းတို့နဲ့ ကွန်ကာကပ်ဖ် နေးရှင်းလိဂ်ပွဲတွေ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal