CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၂

ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ မူဒရစ်ဟာ ဘောလွန်းဒီအောဆုကို ရယူနိုင်တယ်လို့ ယူကရိန်းအသင်းဖော် ဆူဒါကော့ဗ်က ပြောလိုက်ပါတယ်။ 

ဆူဒါကော့ဗ်က “မူဒရစ်ဟာ မယုံနိုင်လောက်တဲ့ ကစားသမားဖြစ်ပြီး သူ့မှာ ကန့်သတ်ချက် မရှိသလို ဘောလွန်းဒီအောကို ရယူနိုင်တဲ့ အရည်အသွေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် အရာအားလုံးက သူ့အပေါ်မှာပဲ မူတည်ပါတယ်။ သူဟာ အကောင်းဆုံး အရည်အသွေးတွေကို ပြသနိုင်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်”လို့ The Guardian နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

မူဒရစ်ဟာ ၂၀၂၃ ခုနှစ်က ရှက်တာဒိုးနက်အသင်းကနေ ချယ်လ်ဆီးအသင်းကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့ တာဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေး ကြီးမားမှုကြောင့် ပရိသတ်တွေက သူ့ကို အများကြီးမျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် မူဒရစ်ဟာ ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှုမရှိဘဲ ရုန်းကန်ခဲ့ရတာပါ။ မူဒရစ်ဟာ ချယ်လ်ဆီးအသင်းအတွက် ၅၈ ပွဲ ပါဝင်ကစားထားတာမှာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ 

မူဒရစ်ကို တွေ့ရစဉ်

မူဒရစ်ဟာ ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲနေပေမယ့် သူ့ရဲ့ ယူကရိန်းအသင်းဖော် ဆူဒါကော့ဗ်က မူဒရစ်ဟာ ဘောလုံးလောကရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိနိုင်တယ်လို့ ယုံကြည်မှုရှိနေတာပါ။ 

ချယ်လ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဝုလ်ဗ်စ်အသင်းက ပက်ဒရိုနက်ကို ခေါ်ယူခဲ့တာကြောင့် မူဒရစ်ဟာ ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

မူဒရစ်အနေနဲ့ လေ့ကျင့်ရေးကွင်းနဲ့ ပွဲကစားချိန်တွေမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်မှသာ ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်ခွင့်နေရာကို ရယူနိုင်မှာပါ။ 

အသက် ၂၃ နှစ် အရွယ်ရှိ မူဒရစ်ဟာ ယူကရိန်းလက်ရွေးစင် အသင်းအတွက် ၂၃ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းယူ ထားတာ ဖြစ်ပါတယ်။

Source: Goal