CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၁
မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်မရဘူးဆိုရင် ရော်နယ်ဒိုဟာ အသင်းက ထွက်ခွာဖို့ ရှိနေတယ်လို့ sportmole သတင်းက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ဂျုဗင်တပ်စ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းကို တကျော့ပြန် ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ အသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ၁၁ ပွဲ ကစားပြီးအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းနဲ့ ၅ မှတ်အကွာ၊ အဆင့် ၅ နေရာက အာဆင်နယ် ရဲ့အောက် အဆင့် ၆ နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းကနေ ရော်နယ်ဒို ထွက်ခွာသွားပြီးကတည်းက အသင်းရဲ့ ဆိုးဆိုးရွားရွား ကျဆင်းနေမှု အပေါ် အံအားသင့်နေတယ်လို့ မကြာသေးခင်က သတင်းထွက်ခဲ့ပါတယ်။
The Express ကတော့ မန်ချက်စတာယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မရဘူးဆိုရင် ရော်နယ်ဒိုအနေနဲ့ မန်ချက် စတာယူနိုက်တက်အသင်းမှာ ကာလတိုသာ ကစားပြီး ထွက်ခွာတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။
ရော်နယ်ဒိုသည် ချန်ပီယံလိဂ် ၄ ပွဲ ကစားအပြီး ၅ ဂိုး သွင်းယူထားပါတယ်၊ သူ့ရဲ့ သွင်းဂိုးတွေနဲ့အတူ မန်ချက်စတာ ယူနိုက် တက် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်နေတာလည်း ဖြစ်ပါတယ်
ဒါပေမယ့် လက်ရှိအသင်းရဲ့ အနေအထားဟာ ဆိုးရွားနေပြီး ရော်နယ်ဒိုကို စိတ်ပျက်စေခဲ့တာပါ။ ရော်နယ်ဒိုအနေနဲ့ ဆုဖလား တွေ ရယူချင်လို့ အသင်းဟောင်းကို ပြန်လာခဲ့ပေမယ့် အခုအနေအထားကတော့ ပေါ်တူဂီကစားသမားအတွက် ရုန်းကန်နေရမှု တွေနဲ့သာ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
ဘောလွန်းဒီအောဆုကို ၅ ကြိမ်ရထားတဲ့ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး စာချုပ်ကုန်ဆုံးသွားရင် နောက်ထပ် ၁ နှစ် ထပ်တိုးခွင့်ရှိနေတာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုသည် ပြီးခဲ့တဲ့ အပြောင်း အရွှေ့ကာလက မန်စီးတီးကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ကြိုးပမ်းမှုကြောင့် မန်ချက် စတာယူနိုက်တက် အသင်းကို ပြန်လည် ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။