CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၂
ဒဏ်ရာအများအပြားကြောင့် ဒီရာသီ အသင်းရုန်းကန်နေရတာကို ယူနိုက်တက်ပိုင်ရှင်တွေ နားလည်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ပိုင်ရှင်တွေက နားလည်မှုရှိပါတယ်။ ကျနော်တို့ဟာ မတူညီတဲ့နောက်တန်း ၃၂ ခုအထိ အသုံးပြုခဲ့တာကို သူတို့မြင်မှာပါ။ ဗဟိုနောက်ခံလူ နေရာမှာလည်း အတွဲအဖက် ၁၃ ခုကို အသုံးပြုခဲ့ရပါတယ်။ ဘယ်နောက်ခံလူ မရှိတာကိုလည်း သူတို့မြင်တွေ့ရမယ်ဆိုရင် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိတယ်ဆိုတာ သူတို့သိပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရုန်းကန်နေရပြီး ပွဲစဉ် ၃ ပွဲပဲကစားဖို့ ကျန်ရှိတော့တဲ့ အချိန်မှာ အဆင့် ၈ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ဖိအားတွေအောက်ကို ကျရောက်နေပြီး FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို အနိုင်ရခဲ့ရင်တောင် သူ့ရဲ့ နည်းပြရာထူးကို ကယ်တင်နိုင်ဖွယ် မရှိဘူးလို့ သုံးသပ်နေကြတာပါ။
ဒါပေမယ့် အဲရစ်တန်ဟတ်ကတော့ ဆာဂျင်ရက်ကလစ်ဖ် အပါအဝင် အသင်းပိုင်ရှင်တွေဟာ ဒီရာသီအသင်းရဲ့ အခြေအနေကို နားလည်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒဏ်ရာစိုးရိမ်မှုတွေ ရှိနေတဲ့ကြားက ကွင်းလယ်လူ မေဆန်မောင့်နဲ့ ဘယ်နောက်ခံလူ လုပ်ခ်ရှောတို့ ဒဏ်ရာအသစ်တွေထပ်ပြီး ရခဲ့လို့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မယ်လို့ နည်းပြ အဲရစ်တန်ဟတ်က အတည်ပြုထားပါတယ်။
မကြာသေးခင်ကမှ ဒဏ်ရာက ပြန်သက်သာလာတဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကလည်း ကြံ့ခိုင်မှု ပြည့်ဝခြင်း မရှိသေးလို့ အာဆင်နယ်အသင်းနဲ့ပွဲကို လွဲချော်ဖွယ်ရှိနေတာပါ။
ပြီးခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၊ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် နဲ့ တော်မီနေးတို့ဟာ အာဆင်နယ်အသင်းနဲ့ပွဲစဉ်ကို ပါဝင်ဖို့ရှိတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောထားတာ ဖြစ်ပါတယ်။
Source: CNA