CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ် အသင်းရဲ့ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်ကို ရပ်တန့်မယ်လို့ ပြောခဲ့ပါတယ်။

ပိုစတီကိုဂလူးက “ဒီပွဲရဲ့ အရေးပါမှုကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ရဲ့ အကြီးမားဆုံး ဒါဘီပွဲစဉ်မှာ အကြီးမားဆုံး ဒါဘီပြိုင်ဘက်ကို ကျနော်တို့ထက် အသာမရအောင် လုပ်ရမယ်ဆိုတာ နားလည်ပါတယ်။ ဖြစ်လာမယ့် အကျိုးဆက်တွေကိုလည်း သိပြီး အာဆင်နယ်ကို ရပ်တန့်သွားမယ်”လို့ ပြောခဲ့တာပါ။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်သလို ဒီပွဲစဉ်ဟာ ၂ သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ဆက်လက် ဦးဆောင်နိုင်ဖို့အတွက် အမှားခံလို့ မရသလို စပါးအသင်းကလည်း ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်အတွက် အာဆင်နယ်အသင်းကို အနိုင်ယူဖို့ လိုအပ်နေတာပါ။ 

အဲဒါကြောင့် ၂ သင်းစလုံးဟာ ဒီပွဲကို အနိုင်ရယူဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

စပါးနဲ့အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်

အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် စပါးအသင်းနဲ့ ကစားမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာလည်း ထပ်ပြီးအနိုင်ယူဖို့ ပစ်မှတ်ထားနေ တာပါ။ 

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ကစားသမားအားလုံး ဒဏ်ရာကင်းစင်နေပြီး နောက်ခံလူ တင်ဘာလည်း ဒီပွဲမှာ အသင်းလူစာရင်းထဲ ပါဝင်လာဖွယ်ရှိနေပါတယ်။

စပါးအသင်းမှာလည်း ရစ်ချာလီဆန်နဲ့ ပေါ်ရိုတို့ အာဆင်နယ် အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ နည်းပြ ပိုစတီကိုဂလူးက အတည်ပြုထားခဲ့တာပါ။

အာဆင်နယ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်နဲ့ စပါးအသင်း ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

Source: Sportskeeda