CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဧပြီ ၄

ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းပြဿနာ ဖြေရှင်းဖို့အတွက် ဝုလ်ဗ်စ်အသင်းခေါင်းဆောင် ကေးလ်မန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး နွေရာသီမှာ ဝယ်ယူမယ့်စာရင်းထဲ ထည့်သွင်းခဲ့တယ်လို့ The Times က ဖော်ပြ ထားပါတယ်။

ယူနိုက်တက်အသင်းဟာ နွေရာသီမှာ ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ဦးစားပေး လုပ်ဆောင်နေပြီး ဒီရာသီမှာ ကေးလ်မန်းရဲ့ ခြေစွမ်းကို ကြည့်ရှုဖို့ ကင်းထောက်တွေကို အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့တာပါ။ 

ကလပ်အသင်း ၂ သင်းကြားမှာ ဘယ်လိုဆက်သွယ်မှုမှ မပြုလုပ်ရသေးပေမယ့် ကေးလ်မန်းဟာ ယူနိုက်တက် အသင်းခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ်ရှိနေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ခံစစ်ပိုင်းက ဒဏ်ရာပြဿနာ အများအပြား ကြုံတွေ့နေရတာပါ။

ကေးလ်မန်းကို တွေ့ရစဉ်

မကြာသေးခင်ကမှ ဗဟိုနောက်ခံလူ ၂ ဦးဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ဟာ ကြွက်သားဒဏ်ရာ တွေကြောင့် အနည်းဆုံး ၁ လကြာ အနားယူရမယ်လို့ ယူနိုက်တက်အသင်းက အတည်ပြုထားတာ ဖြစ်ပါတယ်။ 

ကေးလ်မန်းဟာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိသေးပေမယ့် ယူနိုက်တက်အသင်း မတိုင်ခင် ကတည်းက အသင်းကြီးအချို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။ 

နာပိုလီအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ကင်မင်ဂျေးနေရာမှာ အစားထိုးဖို့ ကေးလ်မန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ကေးလ်မန်းဟာ ဒီရာသီမှာ ဝုလ်ဗ်စ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တိုင်း ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၄ ပွဲပါဝင်ကစားကာ ၂ ဂိုးသွင်းယူထားတာပါ။ 

ဝုလ်ဗ်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၀ နေရာ ရပ်တည်နေပြီး အဆင့် ၇ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၃ မှတ် ကွာဟနေပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal