CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၇

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက လက်စတာအသင်းကို အနိုင်ယူပြီး ဝင်ဘာလေကွင်းကို ပြန်သွားကာ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ဖို့ ပစ်မှတ်ထားတယ်လို့ ပြောလိုက်ပါတယ်။

ပိုချက်တီနိုက “ပြီးခဲ့တဲ့ ဗိုလ်လုပွဲမတိုင်ခင်က ကစားသမားတချို့ အိပ်မပျော်ခဲ့ကြပါဘူး။ ဒီအတွေ့အကြုံတွေကနေ သင်ယူမှုတွေ ပြုလုပ်ရမှာဖြစ်သလို နာကျင်မှုတွေကနေ ပိုပြီးသင်ယူရမှာပါ။ ဝင်ဘာလေကို ပြန်သွားရတာက မတူညီပါဘူး။ 

နောက်ထပ် ဆီမီးဖိုင်နယ်က ကျနော်တို့အတွက် အလွန်ကောင်းပါတယ်။ ဗိုလ်လုပွဲကိုတက်ဖို့ အခွင့်အရေးနဲ့ FA ဖလားကိုရပြီး ဥရောပ ဝင်ခွင့်ရတာက ကြီးမားတဲ့ အောင်မြင်မှုဖြစ်မှာပါ”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းကို အရေးနိမ့်ပြီးနောက် နည်းပြ ပိုချက်တီနိုက ဝင်ဘာလေကွင်းကို ပြန်သွားနိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်းတွေ မတည်မငြိမ်ဖြစ်နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၁ နေရာ ရပ်တည်နေတာပါ။

ချယ်လ်ဆီးအသင်းကို ပိုင်ရှင်သစ် တော့ဒ်ဘိုလီ ဦးဆောင်တဲ့ အစုအဖွဲ့က ၂၀၂၂ ခုနှစ်က ဝယ်ယူပြီးကတည်းက ပေါင် ၁ ဘီလီယံကျော် သုံးစွဲခဲ့ပေမယ့် ဆုဖလားအောင်မြင်မှု ရယူနိုင်ဖို့ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

ပိုချက်တီနိုက “တစ်ခါတစ်ရံမှာ မျှော်မှန်းချက်တွေက မြင့်သလို၊ တစ်ခါတစ်ရံမှာတော့ နိမ့်ကျပါတယ်။ ရာသီဥတု လိုပါပဲ။ 
အောင်မြင်မှုဆိုတာ ဘာကိုဆိုလိုလဲဆိုတဲ့အပေါ် တွေးနေတဲ့လူတွေကို စိတ်မဝင်စားပါဘူး။ အခြေအနေ တွေနဲ့ ပတ်သက်ပြီးမေးရင် အဖြစ်မှန်ကို ပြောလို့ရပါတယ်။ ကျနော်တို့ဟာ ကလပ်မှာ တည်ဆောက်နေတဲ့ အရာတွေ အားလုံးကို ပံ့ပိုးပေးမှုတွေ ပြုလုပ်နိုင်ဖို့ ကြိုးစားနေတယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ လက်စတာအသင်းနဲ့ FA ဖလား ကွာတားဖိုင်နယ် ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မတ် ၃၀ ရက်မှ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: besoccer