CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က လူတန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်း အနေနဲ့ အကောင်းဆုံး ဘောလုံးကစားဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ယူနိုက်တက်ဟာ ဘယ်ပြိုင်ဘက်ကိုမှ လျှော့တွက်ရမယ့် အနေအထားမှာ မရှိပါဘူး။ ရာသီ တစ်လျှောက်လုံး သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ အလွန်ကောင်းမွန်တာကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာဆိုရင် လူတန်အသင်းဟာ အလွန်တိုးတက်လာခဲ့ပါတယ်။ ကျနော်တို့ဟာ ပြိုင်ဘက်တိုင်းကို လေးစားသလို လူတန်ကိုလည်း လေးစားပါတယ်။ ဒီပွဲမှာ ကျနော်တို့ အကောင်းဆုံး ဘောလုံးကစားဖို့လိုပါ တယ်”လို့ ပြောခဲ့တာပါ။ 

လူတန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲသာ အရေးနိမ့်ခဲ့ပြီး ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ရလဒ်ကောင်းတွေ ကို ပိုင်ဆိုင်နေတာပါ။ 

ယူနိုက်တက်အသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရပြီး ၁ ပွဲသရေကျကာ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ လူတန်အသင်းဟာ နောက်ပိုင်းပွဲတွေမှာ ကစားအား အလွန် ကောင်းလာပြီး သူတို့အိမ်ကွင်းမှာ ကစားတဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနေတာပါ။

အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ဒီပွဲကို သတိထားရမယ်လို့ သုံးသပ်မှုတွေ ရှိနေကြတာဖြစ်ပြီး နည်းပြ အဲရစ်တန်ဟတ်ကတော့ သူတို့အကောင်းဆုံး ဘောလုံးကစားဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီ လူတန်အသင်းကို အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ တာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြီးခဲ့တဲ့ ဗီလာအသင်းနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ လုပ်ခ်ရှောဟာ ဒီပွဲပါဝင်နိုင်ဖို့ မသေချာပေမယ့် စောင့်ကြည့်ရဦးမယ်လို့ ပြောခဲ့ပါတယ်။

ဒါအပြင် နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာထပ်ပြီး ရရှိခဲ့တာကြောင့် ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရဦးမှာဖြစ်ပြီး နောက်ခံလူ မာလာစီယာနဲ့ ကွင်းလယ်လူ မေဆန်မောင့်တို့လည်း ရက်သတ္တပတ် အနည်းငယ်ထပ်ပြီး အနားယူရဦးမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Source: BBC