CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဖေဟာအသင်းကို အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၂၂ နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အယ်လ်နာဆာအသင်းဟာ ဆော်ဒီကလပ် အသင်းပဲဖြစ်တဲ့ အယ်လ်ဖေဟာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ပွဲချိန် ၈၁ မိနစ်မှာ အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။

အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ၂၀၀၂ ကနေ ၂၀၂၄ ခုနှစ်အထိ ၂၂ နှစ်ဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ 

ဒီဂိုးဟာ အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုအတွက် ၂၀၂၄ ခုနှစ်ထဲမှာ ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ ဂိုးလည်း ဖြစ်ခဲ့တာပါ။

 အယ်လ်နာဆာအသင်းကို တွေ့ရစဉ်

ဒါအပြင် အယ်လ်ဖေဟာအသင်းနဲ့ပွဲဟာ ရော်နယ်ဒိုအတွက် ကလပ်ကစားသမားဘဝ ပွဲပေါင်း ၁၀၀၀ ပြည့် ခဲ့တာဖြစ်ပြီး စံချိန်ကောင်းတွေကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီကစားသမားဟာ ကလပ်ကစားသမားဘဝ ပွဲပေါင်း ၁၀၀၀ မှာ ၇၄၆ ဂိုး သွင်းယူထားတာပါ။ 

ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၃၂ ပွဲမှာ ၃၁ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။ 

အယ်လ်နာဆာနဲ့ အယ်လ်ဖေဟာအသင်းတို့ရဲ့ အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၁ ရက် အယ်လ်နာအသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။

အယ်လ်နာဆာအသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၇ မှတ် အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဒါအပြင် အယ်လ်နာဆာအသင်းဟာ ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာ ကြောင့် ဒီရာသီမှာ ဆုဖလားရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေတာပါ။

အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီ ၁၇ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဖာတက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN