CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅

လီဗာပူးလ်အသင်းကို အနိုင်ရပြီးနောက် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဖလားပြိုင်ပွဲမှာ ရှိနေ တယ်လို့ ယုံကြည်မှုရှိကြောင်း နည်းပြ အာတီတာက ပြောလိုက်ပါတယ်။

အာတီတာက “ကျနော်တို့ ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ပွဲမှာရှိတယ်ဆိုတာ သေချာပါတယ်။ ကျနော်တို့ ဒီနေရာမှာ ဆက်ပြီးရှိချင်ပါတယ်။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံဆု လက်လွှတ်ခဲ့ရတာကနေ သင်ယူ ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းနဲ့ပွဲဟာ တကယ်ကို ထူးခြားတဲ့ပွဲဖြစ်ပြီး ကျနော့်ရဲ့ ကစားသမားတွေဟာ မယုံနိုင် စရာ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း တစ်ရာသီလုံး ကျနော် မြင်တွေ့ဖူး သမျှထဲမှာ အကောင်းဆုံးပါပဲ။ ကစားသမားတွေဟာ ဒီပွဲမှာ အရာအားလုံးကို ပေးခဲ့တယ်”လို့ ပြော ကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ အဖြစ် ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ဆာကာ၊ မာတင်နယ်လီနဲ့ ထရိုဆာ့ဒ်တို့က သွင်းယူခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် ချေပဂိုးကို အာဆင်နယ်အသင်း နောက်ခံလူ ဂါဘရီရယ်လ်က ကိုယ့်ဂိုးကိုယ် သွင်းယူ ခဲ့တာပါ။ 

လီဗာပူးလ်ကစားသမားတွေကို တွေ့ရစဉ်

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၈၈ မိနစ်မှာ လီဗာပူးလ်အသင်း နောက်ခံလူ ကိုနာတေး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အာဆင်နယ်အသင်းကို ပေးခဲ့ရတဲ့ ဒုတိယဂိုးအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။

ဗန်ဒိုက်က “ခက်ခဲတဲ့နေ့ တစ်နေ့ပါပဲ။ မာတင်နယ်လီ သွင်းယူသွားတဲ့ဂိုးအတွက် ကျနော့်မှာ တာဝန်အပြည့်အဝ ရှိပါတယ်။ ဒါက ဒီပွဲရဲ့ အကြီးမားဆုံး အခိုက်အတန့်ဖြစ်ခဲ့ပြီး ကျနော်ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို ချရမှာပါ။ ဒါက ကျနော့်အတွက် နာကျင်စရာပါပဲ။ ကျနော် အကောင်းဆုံးကြိုးစားပြီး ပြန်လာခဲ့မှာပါ”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။

Source: ESPN