CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆

အင်္ဂလန်အသင်း တောင်ပံကစားသမား ဆာကာက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ဆုဖလား အကြောင်းပြောဖို့ စောလွန်းသေးတယ်လို့ ပြောလိုက်ပါတယ်။

ဆာကာက “ဆုဖလားအကြောင်းကို မပြောနိုင်သေးဘူးလို့ ကျနော်ထင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဟာ စောလွန်းသေးပါတယ်။ ကျနော်တို့ အမှတ်တွေ ရယူရပါမယ်။ ခရစ္စမတ်မှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့တာက အလွန်ကောင်းပေမယ့် ဆုဖလားအကြောင်းပြောဖို့က စောလွန်းပါသေးတယ်”လို့ ပြောပါ တယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့ပြီးနောက် ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၂ နှစ်ဆက်တိုက် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ပရီးမီးယားလိဂ် ဆုဖလားကို ရယူဖို့ ရေပန်းစားနေတဲ့ အသင်းအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာပါ။ 

အာဆင်နယ်နဲ့ လီဗာပူးလ်ယှဉ်ပြိုင်နေစဉ်

ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးဖို့ အဝေးကြီး ကျန်ရှိနေသေးတာကြောင့် ဆာကာက ဒါကိုစဉ်းစားဖို့ စောလွန်း သေးတယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ဆာကာက ပြီးခဲ့တဲ့ လီဗာပူးလ် အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ချီးကျူးမှု ပြုလုပ်ခဲ့တာပါ။ 

ဒီကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီက ဝက်စ်ဟမ်းအသင်းကနေ ရောက်ရှိလာပြီးကတည်းက အာဆင်နယ်အသင်း အတွက် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ဆာကာက “သူက အသင်းအတွက် အများကြီး ယူဆောင်လာပြီး ကျနော်တို့ကို ပိုပြီးကောင်းမွန်အောင် လုပ်ပေးခဲ့ ပါတယ်။ တိုက်စစ် ကစားသမား တစ်ဦးအနေနဲ့ ဒီကလန်ရိုက်စ်လို လူတွေနဲ့ ကစားရတာဟာ အလွန်ကောင်းပါ တယ်။ သူဟာ ဒီရာသီမှာ အလွန်တည်ငြိမ်ပြီး ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေကို ပြသနေတာ”လို့ ပြောခဲ့ပါ တယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အဖြစ် ဒီဇင်ဘာ ၂၉ ရက်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Sportskeeda