CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅

ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက လက်ရှိကစားနေတဲ့ အသလက်တီကိုအသင်းဟာ သူ့ရဲ့ ဥရောပ နောက်ဆုံး ကလပ်ဖြစ်တယ်လို့ ပြောပါတယ်။

ဂရစ်ဇ်မန်းက “အသလက်တီကိုက ဥရောပမှာ ကျနော့်ရဲ့ နောက်ဆုံးကလပ် ဖြစ်ချင်ပါတယ်။ ပြီးရင်တော့ တခြားနေရာမှာ ပျော်ပျော်ရွှင်ရွှင်သွားမှာပါ။ ဒါပေမယ့် ကျနော် အသလက်တီကိုမှာပဲ ဆက်ပြီးရှိချင်ပါတယ်၊ အသင်းက ကျနော့်အတွက် လိုအပ်တဲ့အဆင့်မှာ ရှိပါတယ်။ ကျနော်ကောင်းမွန်စွာ ကစားနေပေမယ့် ဒီအတိုင်း ဆက်သွားဖို့ အခွင့်အရေး ရှိ၊မရှိကတော့ ဆက်ပြီးကြည့်ရမှာပါ။ ဒီမှာကောင်းမွန်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်”လို့ ပြောပါတယ်။

ဂရစ်ဇ်မန်းဟာ သူ့ရဲ့ ကစားသမားဘဝကို အဆုံးမသတ်ခင် မေဂျာလိဂ်မှာ ကစားချင်တယ်လို့ အရင်က ပြောခဲ့ပြီးသား ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် ဂရစ်ဇ်မန်းဟာ အသလက်တီကိုအသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ သေချာနေတာပါ။

 ဂရစ်ဇ်မန်းကို တွေ့ရစဉ်

ဂရစ်ဇ်မန်းဟာ ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် အမေရိကန်ကို သွားရောက်ဖို့သာ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဂရစ်ဇ်မန်းနဲ့ အသလက်တီကိုအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ကုန်ဆုံးချိန်မှာ သူ့ရဲ့ အသက်ဟာ ၃၅ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ဒီရာသီမှာ အသလက်တီကိုအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားထား အပြီးမှာ ၁၄ ဂိုးသွင်းယူကာ ၂ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ 

ပြင်သစ်တိုက်စစ်မှူးဟာ ၂၀၁၉ ခုနှစ်က အသလက်တီကို အသင်းကနေ ထွက်ခွာပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရလို့ ၂၀၂၁ ခုနှစ်မှာ အငှားနဲ့ အသင်းဟောင်းထံ ပြန်လည် ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းမှာ အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။

အသက် ၃၂ နှစ်အရွယ်ရှိ ဂရစ်ဇ်မန်းဟာ အသလက်တီကိုအသင်းအတွက် ဒုတိယအကြိမ်မြောက် ပြန်ကစားတာမှာ ၁၀၅ ပွဲကစားထားပြီး ၃၈ ဂိုး သွင်းယူထားပါတယ်။ 

အသလက်တီကိုအသင်းဟာ ဒီရာသီ စပိန်လာလီဂါပြိုင်ပွဲမှာ တတိယနေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် တက်ရောက်ထားတာ ဖြစ်ပါတယ်။

Source: Goal