CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀

ပိုချက်တီနီုက ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ထိပ်ဆုံး ၄ သင်းထဲဝင်ရောက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါ တယ်။

ပိုချက်တီနိုက “ကျနော်တို့ဟာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ စိန်ခေါ်မယ်ဆိုတာ ဟုတ်ပါတယ်။ အခုအချိန် မဖြစ်နိုင်သေးပေမယ့် အနာဂတ်မှာတော့ သေချာပါတယ်။ ကျနော်ကတော့ ဒီလိုမျိုး အမြန်ဆုံးလုပ်နိုင်ဖို့ မျှော်လင့် ပါတယ်”လို့ ပြောပါတယ်။

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို အရေးနိမ့်ပြီး နောက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ကစားအပြီးမှာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အဆင့် ၄ နေရာက မန်စီးတီးအသင်းနဲ့ ၁၁ မှတ်အထိ ကွာဟနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို ရယူနိုင်ဖို့မျှော်လင့်ချက်က ဖြစ်နိုင်ဖွယ်မရှိဘူးလို့ သုံးသပ်နေကြတာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာ ကြောင့် နွေရာသီမှာ ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး အသင်းကို အပြောင်းအလဲတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

ပိုချက်တီနိုကတော့ ဒီရာသီမှာ ချယ်လ်ဆီးအသင်း ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်နိုင်ဖို့ မဖြစ်နိုင်တော့ပေမယ့် လာမယ့် ရာသီမှာတော့ ဝင်ခွင့်ရယူနိုင်မယ်လို့ ပြောပါတယ်။

ချယ်လ်ဆီးအသင်းကို တော့ဒ်ဘိုလီ ဦးဆောင်တဲ့ အစုအဖွဲ့က ၂၀၂၂ ခုနှစ်၊ မေလက ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် ဆီကနေ လွှဲပြောင်းရယူပြီးနောက် အပြောင်းအရွှေ့အတွက် ပေါင် ၁ ဘီလီယံကျော် သုံးစွဲကာ ကြယ်ပွင့် ကစားသမား အများအပြားကို ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ အခုအချိန်အထိ ခြေစွမ်းတသမတ်တည်း မရှိသေးသလို ရလဒ်ကောင်း ရယူနိုင်ဖို့ လည်း ရုန်းကန်နေရတာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  

Source: Metro