CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ချယ်လ်ဆီးအသင်းဟာ FA ဖလား စတုတ္တအဆင့် ပြန်ကန်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့ပြီးနောက် နည်းပြပိုချက်တီနိုက အသင်းဟာ စည်းလုံးမှုရှိကြောင်း ပြသနိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ပိုချက်တီနိုက “ကျနော်တို့အားလုံး အတူတကွရှိခဲ့ကြပြီး ကစားသမားတွေဟာ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ် လပ်နဲ့ ဘောလုံးကစားတာကို ကျနော်မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ အရေးကြီးပြီး ကျနော်တို့အားလုံး စည်းလုံးမှုရှိခဲ့ ကြပါတယ်။ ကျနော်တို့ဟာ အချင်းချင်း တိုက်ပွဲဝင်ခဲ့ကြသလို အသင်းပရိသတ်တွေအတွက်၊ အသင်းရဲ့ တံဆိပ် အတွက်နဲ့ နည်းပြအဖွဲ့ဝင်တွေအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါက ကျနော်တို့ လိုအပ်နေတဲ့ ချိတ်ဆက်မှုဖြစ်ပြီး အခုစိန်ခေါ်မှုက တသမတ်တည်းဖြစ်ဖို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ FA ဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ပဉ္စမအဆင့်ကို တက်နိုင်ခဲ့ပါတယ်။ 

ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို ဂါလက်ဂါ၊ ဂျက်ဆန်နဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

 ချယ်လ်ဆီးအသင်းနဲ့ အက်စတွန်ဗီလာ ယှဉ်ပြိုင်နေစဉ် 

အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့သလို နည်းပြ ပိုချက်တီနို အတွက်လည်း ဖိအားအနည်းငယ် လျော့သွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်မှာတော့ ချန်ပီယံရှစ်ကလပ် လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 
အက်စတွန်ဗီလာ အသင်းနည်းပြ အူနှိုင်းအမ်မရီက ဒီပွဲရှုံးနိမ့်မှုကို လက်ခံကာ ယူနိုက်တက်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်ကို အာရုံစိုက်ပြီး ပြင်ဆင်သွားရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အူနှိုင်းအမ်မရီက “ချယ်လ်ဆီးအသင်းကို ဂုဏ်ပြုချင်ပါတယ်။ ကျနော်တို့ဟာ စိတ်လှုပ်ရှားနေခဲ့ပြီး သူတို့ဟာ အဆုံးသတ်ပိုင်း ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့ဟာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် သူတို့ရဲ့ ကစားသမား တွေနဲ့ ယှဉ်ရင် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲရှုံးနိမ့်မှုကို လက်ခံပြီး လာမယ့် ယူနိုက်တက်နဲ့ပွဲစဉ်ကို အာရုံစိုက်သွားရမယ်”လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: Daily Mail