CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅

အချက်အလက်တွေကို သုံးသပ်တဲ့ Opta က မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် ရယူဖို့ ၈၄ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်း ၂၀ ရဲ့လက်ရှိပုံစံနဲ့ လက်ကျန်ပွဲစဉ်တွေကို အခြေခံပြီး စူပါကွန်ပျူတာက တွက်ချက်ထားတာ ဖြစ်ပါတယ်။

Opta က မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ထပ်ပြီးကိုင်မြှောက်နိုင်ဖို့ ၈၄.၆ ရာခိုင်နှုန်း ဖြစ်နိုင်ဖွယ်ရှိပြီး၊ လီဗာပူးလ်အသင်းက ၉.၁ ရာခိုင်နှုန်းသာ အခွင့်အရေးရှိကာ အာဆင်နယ်အသင်းကတော့ ၅.၆ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တဲ့ စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိနိုင်ဖို့ မျှော်လင့်ချက်က ဝ.၃ ရာခိုင်နှုန်း သာရှိပြီး အက်စတွန်ဗီလာအသင်းနဲ့ တူညီနေပါတယ်။

Opta ရဲ့ ခန့်မှန်းချက်ကိုတွေ့ရစဉ်

အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းကတော့ အဆင့် ၇ နဲ့ ရာသီအဆုံးသတ်တော့မယ်လို့ Opta က ခန့်မှန်းထားပြီး ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ပြီး အဆုံးသတ်နိုင်ဖို့ အခွင့်အရေး ၅.၉ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ၂ နှစ်ဆက်တိုက် အဆင့် ၄ နေရာနဲ့ ရာသီအဆုံးသတ်ဖို့ ၂၅ ရာခိုင်နှုန်း အခွင့်အရေးရှိပြီး ချယ်လ်ဆီးအသင်းက အဆင့် ၉ နေရာနဲ့ ရာသီအဆုံးသတ်မယ်လို့ ခန့်မှန်းထားတာပါ။

ပြီးခဲ့တဲ့ရာသီက တန်းတက်လာခဲ့တဲ့ လူတန်၊ ရှက်ဖီးယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ တန်းပြန်ဆင်းမယ်လို့ Opta က ဖော်ပြထားတာ ဖြစ်ပါတယ်။ 

ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားအပြီးမှာ မန်စီးတီးအသင်းက အဆင့် ၁ နေရာမှာ ဦးဆောင်နေပြီး လီဗာပူးလ်၊ အာဆင်နယ်နဲ့ စပါးအသင်းတို့က အဆင့် ၂ ၊၃ နဲ့ ၄ နေရာမှာ ရပ်တည်နေတာပါ။ 

လူတန်၊ ရှက်ဖီးယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ကတော့ တန်းဆင်းဇုန် အဆင့် ၁၈၊ ၁၉ နဲ့ ၂၀ နေရာတွေမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: CNA