CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃

ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်အနေနဲ့ လာမယ့် နိုင်ငံတကာ ရက်သတ္တပတ်မှာ ဘရာဇီးလ် အသင်းအတွက် ပါဝင်မယှဉ်ပြိုင်သင့်ဘူးလို့ ပြောလိုက်ပါတယ်။

အာတီတာက “ကျနော် ဆရာဝန်တွေ ပြီးတော့ ဂျီးဆပ်စ်နဲ့ စကားပြောရမယ်။ ဘာကြောင့်လဲဆိုရင် သူဟာ ကျနော်တို့နဲ့ လေ့ကျင့်မှု ပြုလုပ်ခြင်း မရှိပါဘူး။ သူဟာ အသင်းနဲ့ လက်တွဲလုပ်ဖို့ ဝေးကွာနေပေမယ့် ဒါက ကလပ်နဲ့ နိုင်ငံအသင်းကြားက အတွင်းပိုင်း ဆက်သွယ်မှုပါ။ ပထမဆုံး ရည်ရွယ်ချက်ကတော့ ကစားသမားတွေရဲ့ အကောင်းဆုံးကို အမြဲတမ်းရှာဖွေဖို့ပါ”လို့ ပြောခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ အောက်တိုဘာ ၂၄ ရက်က ကစားခဲ့တဲ့ ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိပြီးကတည်းက အာဆင်နယ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိတော့ပါဘူး။ 

ဂျီးဆပ်စ်ကို တွေ့ရစဉ်

အသက် ၂၆ နှစ်အရွယ်ရှိ ဂျီးဆပ်စ်ဟာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် ဘရာဇီးလ်အသင်းက ကိုလံဘီယာ၊ အာဂျင်တီးနား အသင်းတို့နဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်တွေအတွက် သူ့ကို လူစာရင်းထဲ ရွေးချယ်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းနည်းပြ ဒီနစ်ဇ်က ဂျီးဆပ်စ်ရဲ့ ဒဏ်ရာ အခြေအနေမှန်ကို သိရှိလိုတဲ့အတွက် သူ့ရဲ့ ဆေးအဖွဲ့ဝင် တွေက ကစားသမားကို စစ်ဆေးမှုတွေ ပြုလုပ်စေချင်တယ်လို့ အခုအပတ်အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

ဒီနစ်ဇ်က “နောက်ဆုံး လူစာရင်းတုန်းက ကျနော်တို့ မာတင်နယ်လီကို အာဆင်နယ်ကနေ မခေါ်ယူခဲ့ပါဘူး။ သူဟာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကို အလွန်ပြီးပြည့်စုံတဲ့ နီးလမ်းနဲ့ သတင်းပေးပို့ခဲ့ခြင်း မရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့ဟာ အခြေအနေမှန်ကို သိရှိချင်တာကြောင့် ဂျီးဆပ်စ်ကို ခေါ်ယူသွားမှာပါ။ ကျနော်ကတော့ သူကစား နိုင်လောက်တဲ့ ကြံ့ခိုင်မှုရှိမယ်လို့ ယုံကြည်ကြောင်း"ပြောခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အာဂျင်တီးနား၊ ဥရုဂွေးအသင်းတို့ရဲ့ နောက် တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Metro