CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဟာ ဒေသတွင်း တင်းမာမှုတွေ တိုးလာနေတဲ့ အခြေအနေတွေကြောင့် လာမယ့် နှစ်ပတ်အတွင်း အစ္စရေးမှာကစားဖို့ စီစဉ်ထားတဲ့ ပွဲစဉ်တွေအားလုံးကို ရွှေ့ဆိုင်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်မှုတွေကြောင့် အစ္စရေးနိုင်ငံသား ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက ပြောထားပါတယ်။

အောက်တိုဘာ ၁၂ ရက်မှာ ကစားဖို့ ရှိနေတဲ့ အစ္စရေးနဲ့ ဆွစ်ဇာလန်တို့ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲဟာ လက်ရှိ လုံခြုံရေး အခြေအနေအရ ရွှေ့ဆိုင်းထားတဲ့ ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ပြီး ဒီပွဲတွေ ပြန်ကစားမယ့် နေ့ရက်တွေကို ပြန်လည်ရေးဆွဲပေးမယ်လို့ UEFA က ပြောခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမာ့စ်ကြား စစ်ပွဲဖြစ်ပွားနေစဉ်

ရွှေ့ဆိုင်းထားတဲ့ ပွဲစဉ်တွေကတော့ အောက်တိုဘာ ၁၂ ရက်နဲ့ ၁၇ ရက်မှာ ကစားမယ့် အစ္စရေးနဲ့ အက်စ်တိုးနီး ယား၊ အစ္စရေးနဲ့ ဂျာမနီအသင်းတို့ရဲ့ ဥရောပ ယူ-၂၁ ခြေစစ်ပွဲ၊ အောက်တိုဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမယ့် ဥရောပ ယူ-၁၇ ချန်ပီယံရှစ်ပွဲတို့ ဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲမှာတော့ အစ္စရေး၊ ဘယ်လ်ဂျီယံ၊ ဂျီဘရောလ်တာနဲ့ ဝေးလ်စ်တို့ ပါဝင်မယ်လို့ သိရပါတယ်။

ကိုဆိုဗိုမှာ ကစားဖို့ ရှိနေတဲ့ အစ္စရေးအသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲကို ကျင်းပနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး လာမယ့် ရက်ပိုင်းအတွင်း ဒီအခြေအနေတွေကို အကဲဖြတ်သွားမယ်လို့လည်း UEFA က ပြောထားပါတယ်။

အစ္စရေးနိုင်ငံမှာ ကျင်းပနေတဲ့ ပြည်တွင်းလိဂ် ပွဲစဉ်တွေကိုလည်း လက်ရှိအချိန်မှာ ရွှေ့ဆိုင်းထားပြီး မက္ဘာဘီ တယ်လ် အဗစ်အသင်းကို ကိုင်တွယ်နေတဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ရော်ဘီကိန်းနဲ့ သူ့ရဲ့ လက်ထောက်နည်းပြ ဒီလပ်တို့ဟာ အစ္စရေးနိုင်ငံက ထွက်ခွာပြီး ဂရိနိုင်ငံကို ပြောင်းရွှေ့နေထိုင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Source: BBC