CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၅

လီဗာပူးလ်အသင်းဟာ ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့ ချိတ်ဆက်မှုတွေခံနေရတဲ့ တိုက်စစ်မှူး ဆာလတ်ကို ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာပြောလိုက်ပါတယ်။

ဆော်ဒီပရိုလိဂ်လက်ရှိချန်ပီယံ အယ်လ်အစ်တီဟတ်အသင်းဟာ ဆာလတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေဆက်တိုက်ဆိုသလို ထွက်ပေါ်နေတာပါ။ လီဗာပူးလ်အသင်းကတော့ ဆာလတ်ကို ပြီးခဲ့တဲ့နှစ်ကမှ ၃ နှစ်စာချုပ်သစ်ချုပ်ဆိုထားသလို နွေရာသီအပြောင်းအရွှေ့ကလည်း စက်တင်ဘာ ၁ ရက်ကျရင် ပိတ်မှာဖြစ်လို့ ရောင်းချသွားဖို့ အစီအစဉ်မရှိတာဖြစ်ပါတယ်။

ဆာလတ်ရဲ့ အေးဂျင့်က ဆော်ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့သတင်းတွေကို အရင်ကတည်းက ငြင်းဆန်ခဲ့ တာပါ။ ဆာလတ်အနေနဲ့ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ စဉ်းစားခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ မဟုတ်ဘူးလို့ အေးဂျင့်ဖြစ်သူ ရာမီက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ သြဂုတ် ၇ ရက်က ရေးသား ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အယ်လ်အစ်တီဟတ်အသင်းရဲ့ ကမ်းလှမ်းမှုအသစ်ကို ဆာလတ်ရဲ့အေးဂျင့်တွေက တုံ့ပြန်ခြင်းမရှိသေးပါဘူး။

စပါးအသင်းနည်းပြဟောင်း နူနိုဆန်တိုကိုင်တွယ်နေတဲ့ အယ်လ်အစ်တီဟတ်အသင်းဟာ အခုနွေရာသီ အပြောင်း အရွှေ့မှာ ဘောလွန်းဒီအောဆုရှင် ဘန်ဇီမာ၊ကန်တီ၊ ဖာဘင်ဟိုနဲ့ ဂျိုတာတို့ကို ခေါ်ယူထားတာဖြစ်ပါတယ်။ အယ်လ်အစ်တီဟတ်အသင်းဟာ ဆော်ဒီလိဂ်မှာ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ အာရှ ချန်ပီယံလိဂ် ပြိုင်ပွဲယှဉ်ပြိုင်ဖို့ ရှိနေတာကြောင့် ဆာလတ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားလာခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ အဓိက ကစားသမားအများအပြားကို လက်လွှတ် ခဲ့ရပြီးနောက် ဆာလတ်ကိုပါ ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့တာကြောင့် ကမ်းလှမ်းမှုတွေကို ပယ်ချသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဆာလတ်ဟာ အခုနှစ်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲစလုံး လီဗာပူးလ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်ဂိုးသွင်းယူထားပါတယ်။

Source:BBC