CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆

ပဲလေ့စ်ကစားသမားဟောင်း ဇာဟာက ချယ်လ်ဆီးဂန္ထဝင် ဒရော့ဘာနဲ့ စကားပြောဆိုမှု အပြီးမှာ ဂါလာတာ စာရေး အသင်းထံ ပြောင်းရွှေ့ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဇာဟာက “ဒီအပြောင်းအရွှေ့က ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ရဖို့ ကျနော့်ရဲ့ ပထမဆုံး အခွင့်အရေးဖြစ်မှာပါ။ ကျနော် အကောင်းဆုံးကြိုးစားပြီး ကလပ်ကို ချန်ပီယံဖြစ်အောင် ကူညီပေးသွားချင်ပါတယ်။ ပရိသတ်တွေနဲ့အတူ ဒီရာသီ မှာ လိဂ်ဖလားကို ရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီကို မပြောင်းခင် သူငယ်ချင်းအချို့ကို မေးခဲ့ပြီး ဒရော့ဘာကို မေးတဲ့အချိန်မှာတော့ သူက အံ့သြစရာကောင်းတယ်လို့ ပြောခဲ့ပါတယ်။ ကျနော် ဒီအသင်းထဲဝင်ပြီး ကိုယ့်ဘာသာ ကြည့်နိုင်ဖို့အတွက် မစောင့်နိုင်တော့ဘူး”လို့ ပြောခဲ့တာပါ။

အိုင်ဗရီကို့စ်လက်ရွေးစင် ကစားသမားဟာ ပဲလေ့စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ အများအပြား ထွက်ပေါ်ခဲ့ပေမယ့် ဂါလာတာစာရေးအသင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါ တယ်။ 

ပဲလေ့စ်အသင်းမှာ ကစားခဲ့တုန်းက ဇာဟာကိုတွေ့ရစဉ်

အသက် ၃၀ နှစ်အရွယ်ရှိ ကစားသမားကို ခေါ်ယူဖို့ ပီအက်စ်ဂျီ၊ လာဇီယို၊ နာပိုလီနဲ့ အယ်လ်နာဆာအသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပါ။

ပဲလေ့စ်အသင်းကလည်း တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းနဲ့ ဇာဟာကို စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ချန်ပီယံ လိဂ် ကစားချင်တဲ့ သူ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေတဲ့အတွက် တူရကီကလပ်နဲ့ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက် ကစားသမားဟောင်းဟာ ပဲလေ့စ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပြီး လန်ဒန်ကလပ်မှာသာ နှစ်ပေါင်းများစွာကြာ ကုန်ဆုံးခဲ့တာပါ။

အသက် ၃၀ နှစ်အရွယ်ရှိ ကစားသမားဟာ ပဲလေ့စ်အသင်းအတွက် ၄၅၈ ပွဲ ပါဝင်ကစားခဲ့ပြီး ဂိုး ၉၀ သွင်းယူကာ ၇၆ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

Source: Metro