CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀

ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဒဏ်ရာကြောင့် ၆ လကြာ အနားယူပြီး ပြန်ကစားတဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ ပေမယ့် အခုနွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာသွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဗန်ဒီဘိခ်က “အခုအချိန်မှာ ကျနော့်အနာဂတ်က ဘယ်မှာလဲဆိုတာ ပြောဖို့ခက်ပါတယ်။ ကျနော်ဒီမှာ ဆက်ရှိနိုင် ပေမယ့် ထွက်ခွာသွားဖို့ကလည်း ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။ အဲဒါကြောင့် အရာအားလုံးကို ဖွင့်ထားပါတယ်။ ကြံ့ခိုင် မှု အကောင်းဆုံး အနေအထားဖြစ်အောင် အာရုံစိုက်ပြီး တွန်းအားပေး လုပ်ဆောင်နေပါတယ်။ ကျနော်ဟာ ကလပ် အများအပြားနဲ့ ချိတ်ဆက်ခဲ့ဖူးပေမယ့် ဒါကို အာရုံစိုက်နေတာတော့ မဟုတ်ပါဘူး။ ဒီအင်္ကျီကို ဝတ်ဆင်ရတာ ဂုဏ် ယူပေမယ့် ဘာဖြစ်မလဲဆိုတာ ဆက်ပြီးကြည့်ကြတာပေါ့”လို့ ပြောပါတယ်။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဘုန်းမောက် အသင်းနဲ့ပွဲမှာ ဆိုးရွားတဲ့ ဒူးဒဏ်ရာ ရရှိပြီးနောက် ရာသီအကုန် ထိ အနားယူခဲ့ရကာ လိုင်ယွန်အသင်းနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါ တယ်။

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းက လိုင်ယွန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။

ဗန်ဒီဘိခ်ကို တွေ့ရစဉ်

အသက် ၂၆ နှစ်အရွယ်ရှိ ဗန်ဒီဘိခ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်း ရောင်းချမယ့် ကစား သမားတွေထဲမှာ ပါဝင်နေပြီး အေဂျတ်စ် ကွင်းလယ်လူဟောင်းကို ပေါင်သန်း ၂၀ ဝန်းကျင်ရရှိရင် ရောင်းချသွားဖို့ ရှိနေပါတယ်။

ယူနိုက်တက်အသင်းကို ၂၀၂၀ ခုနှစ်က အေဂျတ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗန်ဒီဘိခ်ဟာ သူ့ရဲ့ ကစား သမားဘဝကို ပြန်လည် အသက်သွင်းချင်နေတာကြောင့် အသင်းက ထွက်ခွာဖို့ အစီအစဉ်ရှိနေတာ ဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ပွဲပေါင်း ၆၀ သာ ပါဝင်ကစားခဲ့ရပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ နယ်သာလန် လက်ရွေးစင် ကစားသမားဟာ ရာသီကြို ခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံကို ထွက်ခွာခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ကစားသမား ၃၁ ဦးစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အမေရိကန်ခရီးစဉ်မှာ အာဆင်နယ်၊ ရက်စ်ဟမ်း၊ ရီးရယ်လ်၊ ဒေါ့မွန်အသင်းတို့နဲ့ ယှဉ်ပြိုင် မှာဖြစ်ပြီး ဇူလိုင် ၂၃ ရက်တွင် အာဆင်နယ်အသင်းနဲ့ စတင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: Daily Mail