CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅

တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဖရက်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို ယူနိုက်တက်အသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ မေဆန်မောင့်ကို ခေါ်ယူခဲ့ပြီးနောက် ဖရက်ဟာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေ တာပါ။ 

ဘရာဇီးလ်ကစားသမားဟာ အခုအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်း ရောင်းချမယ့် ကစားသမားစာရင်းထဲ ပါဝင်နေပြီး မန်ချက်စတာကလပ်က ပြောင်းရွှေ့ကြေး သတ်မှတ်ထားပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဖရက်အတွက် ပေါင်သန်း ၂၀ သတ်မှတ်ထားပြီး ဂါလာတာစာရေးရဲ့ ကမ်းလှမ်းမှုဟာ ဒီပမာဏထက် နည်းပါးတာကြောင့် ပယ်ချခဲ့တာပါ။

တူရကီကလပ်ဟာ ဖရက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းမှု ပြုလုပ်မလား ဆိုတာတော့ မသေချာသေးပါဘူး။ 

ယူနိုက်တက် ကစားသမားတွေနဲ့ အောင်ပွဲခံနေတဲ့ ဖရက်ကိုတွေ့ရစဉ်

ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းကလည်း ဖရက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အနောက်လန်ဒန် အသင်းက ယူနိုက်တက်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖို့ ဖြစ်နိုင်ဖွယ် အရှိဆုံးအသင်း လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၃၀ အရွယ်ရှိ ဖရက်ကို ခေါ်ယူဖို့ ဆော်ဒီကလပ် အသင်းတွေကလည်း စိတ်ဝင်စားနေပေမယ့် ဒီလိဂ်မှာ ရှိတဲ့ ဘယ်အသင်းကမှ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ရခြင်း မရှိသေးပါဘူး။

ဖရက်ဟာ ၅ နှစ်ကြာရှိခဲ့တဲ့ ယူနိုက်တက် ကစားသမားဘဝကို အဆုံးသတ်ဖို့အတွက် မကြာသေးခင်က အေဂျင်စီ ကို ပြောင်းလဲခဲ့တာကြောင့် မန်ချက်စတာ ကလပ်ကနေ ထွက်ခွာဖို့က သေချာမှုရှိနေတာ ဖြစ်ပါတယ်။

ဖရက်ဟာ ယူနိုက်တက် အသင်းအတွက် ပွဲပေါင်း ၂၁၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ရာသီက ကာရာဘောင်းဖလား ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုရှိထားတာ ဖြစ်ပါတယ်။

Source: Goal