CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ ဂျာမနီလက်ရွေးစင် ဂန်ဒိုဂန်ကို ခေါ်ယူနိုင်ခဲ့ ပြီလို့ ကြေညာလိုက်ပါတယ်။

မန်စီးတီးအသင်းမှာ ၇ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလား ၁၂ လုံး ရယူနိုင်ခဲ့တဲ့ ဂန်ဒိုဂန်ဟာ ဘာစီလိုနာအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်နေခဲ့ပါတယ်။

ဂန်ဒိုဂန်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင် ခဲ့ပြီး ဘာစီလိုနာအသင်းက ဂျာမနီ ကစားသမားကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၄၂ သန်း သတ်မှတ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါဖလားကို ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြိုင်ပွဲတွေ ကနေ ထွက်ခွာခဲ့ရပြီး ဥရောပပြိုင်ပွဲမှာ ရုန်းကန်ခဲ့ရတာပါ။ 

ရီးရယ်လ်အသင်းဟာ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ခေါ်ယူအားဖြည့်ခဲ့တာကြောင့် ဘာစီလိုနာအသင်း ကလည်း ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဂန်ဒိုဂန်ကို ခေါ်ယူကာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ အသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးမှာ ချန်ပီယံလိဂ် ဆွတ်ခူးခဲ့တဲ့ ဂန်ဒိုဂန်ကို တွေ့ရစဉ်

ဂန်ဒိုဂန်ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ပြီးနောက် မန်စီးတီးအသင်းကို နှုတ်ဆက်ခဲ့တဲ့အကြောင်း ကြေညာ ချက် ထုတ်ပြန်ခဲ့ပါတယ်။

ဂန်ဒိုဂန်က “ပထမဆုံးအနေနဲ့ နည်းပြ ဂွာဒီယိုလာကို ကျေးဇူးတင်ချင်ပါတယ်။ သူ့လက်အောက်မှာ အချိန်အကြာ ကြီးကစားပြီး သင်ယူခဲ့ရတာဟာ ကျနော်ဘယ်တော့မှ မမေ့နိုင်တဲ့ အရာပါပဲ။ ကျနော်နဲ့အတူ တွဲဖက်ပြီး ကစားခဲ့ ကြတဲ့ လက်ရှိအသင်းသားတွေနဲ့ အသင်းသားဟောင်းတွေကိုလည်း ကျေးဇူးတင်ပြီး မယုံနိုင်လောက်စရာကောင်း တဲ့ မန်စီးတီး ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မန်စီးတီးကို ရောက်ရှိလာကတည်းက သူတို့က ကျနော့် ကို အားပေးခဲ့ကြပြီး သူတို့အတွက်လည်း အများကြီး ပေးခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂန်ဒိုဂန်ဟာ ၂၀၁၆ က ဒေါ့မွန်ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၃၀၄ ပွဲ ပါဝင် ကစားကာ ဂိုး ၆၀ သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ကာရာဘောင်းဖလား ၄ ကြိမ်၊ FA ဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

Source: Daily Mail