CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁

စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတာကို ပြန်အသက်သွင်းပြီး ကမ်းလှမ်းမှုတွေ စတင်ဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က အခုနွေရာသီ အပြောင်းအရွှေ့မှာ ဟာရီကိန်းကို ခေါ်ယူဖို့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားသလို နောက်ခံလူ လုပ်ခ်ရှောကလည်း အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ စခန်းဝင်ချိန်မှာ လက်ရွေးစင် အသင်းဖော်ကို အသင်းထံ ပြောင်းရွှေ့လာနိုင်အောင် ကြိုးစားခဲ့သေးပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းကတော့ အခုနွေရာသီမှာ ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် စိတ်ဝင်စားနေတာကို အဆုံးသတ်လိုက်ပြီလို့ ယူဆရပါတယ်။

ယူနိုက်တက်အသင်းဟာ အင်္ဂလန် အသင်းခေါင်းဆောင်ကို ခေါ်ယူချင်ပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေး ဟာ များပြားလွန်းတာကြောင့် ခေါ်ယူမယ့် အစီအစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ 

ဟာရီကိန်းကတော့ အိုးထရက်ဖို့ဒ်ထံ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးဘဲ ယူနိုက်တက် အသင်းက သူ့ကို ခေါ်ယူဖို့အတွက် အဖွင့်ကမ်းလှမ်းမှု ပြုလုပ်တာကို လိုချင်နေတယ်လို့ သိရပါတယ်။

ဟာရီကိန်းကို တွေ့ရစဉ်

စပါးအသင်းဟာ သူတို့ရဲ့ စံချိန်တင် ဂိုးသွင်းရှင်အတွက် ပေါင်သန်း ၁၀၀ ပြောင်းရွှေ့ကြေး သတ်မှတ်ထားပေမယ့် ယူနိုက်တက်အသင်းက ကစားသမားဟာ မကြာခင်မှာ အသက် ၃၀ ပြည့်တော့မှာဖြစ်သလို လာမယ့် ရာသီအကုန် မှာ စာချုပ်ကုန်ဆုံးမှာဖြစ်လို့ ဒီပမာဏကို ပေးချေဖို့ ဆန္ဒမရှိပါဘူး။

ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးသစ် တစ်ဦးကို မဖြစ်မနေ ခေါ်ယူချင်နေတာကြောင့် ပေါင်သန်း ၈၀ နဲ့ နီးစပ် တဲ့ ပြောင်းရွှေ့ကြေးက မန်ချက်စတာကလပ်ကို ခေါ်ယူနိုင်ဖို့ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

စပါးအသင်း အကြီးအကဲ လီဗိုင်းက ဟာရီကိန်းကို မြောက်လန်ဒန်မှာ ဆက်ပြီး ထိန်းသိမ်းချင်နေသလို လာမယ့် ၁၂ လ အတွင်းမှာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါအပြင် စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို ပြိုင်ဘက်အသင်းထံ တိုက်ရိုက် မရောင်းချချင်တာလည်း ဖြစ်ပါတယ်။ 

ဟာရီကိန်းကို ခေါ်ယူဖို့ ရီးရယ်လ်နဲ့ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမားက အင်္ဂလန်မှာ ဆက်ပြီး ရှိချင်နေတာပါ။

ဟာရီကိန်းဟာ စပါးအသင်းအတွက် ပွဲပေါင်း ၄၃၅ ပွဲမှာ ၂၈၀ ဂိုး သွင်းယူပြီး ၆၄ ဂိုး ဖန်တီးထားပေမယ့် စိန်ခေါ်မှု အသစ်တွေကို ရှာဖွေဖို့ စိတ်အား ထက်သန်နေပါတယ်။ 

ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစားသမားစာရင်းမှာ ဟာရီကိန်းဟာ ၂၁၃ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ သူ့ရဲ့အထက်မှာ အလန်ရှီးယားက ၂၆၀ ဂိုးနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Metro