CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၉

ယူရိုပါကွန်းဖရန့်စ်လိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အပြီးမှာ ဝက်စ်ဟမ်းကစားသမားတွေနဲ့ AZ အယ်လ်ခမာ အသင်း ပရိသတ်တွေ ရန်ပွဲဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းဟာ အိမ်ရှင်အသင်းကို ပါဘလိုဖောနယ်လ်စ်ရဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ပထမအကျော့တုန်းက ပွဲစဉ်မှာလည်း ဝက်စ်ဟမ်းအသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရကာ ယူရိုပါကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲကို တက်ရောက် နိုင်ခဲ့တာဖြစ်ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့ ဝက်စ်ဟမ်းကစားသမားတွေဟာ အသင်းပရိသတ်တွေရှိတဲ့နေရာကို ချက်ချင်းပြေးသွားခဲ့တာပါ။

AZ အယ်လ်ခမာအသင်း အားပေးတဲ့ပရိသတ်တွေဟာ အသင်းပရိသတ်တွေကို စတင်တိုက်ခိုက်ခဲ့တာကြောင့် လန်ဒန်ကလပ် ကစားသမားတွေဟာ အဆိုပါနေရာကို ပြေးသွားခဲ့တာဖြစ်ပါတယ်။အဆိုပါနေရာမှာ ရှိနေတဲ့ သူတွေဟာ ဝက်စ်ဟမ်းကစားသမားတွေရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေဖြစ်တာကြောင့် အသင်း ခေါင်းဆောင် ဒီကလန်ရိုက်စ်၊ အားကစားဒါရိုက်တာ နိုဘယ်လ်နဲ့ နည်းပြအဖွဲ့ဝင်တွေဟာ AZ အသင်းပရိသတ် တွေကို ပြန်လည်တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ကြတာပါ။

လုံခြုံရေးတွေဟာ ဒီလိုအခြေအနေဖြစ်လာနိုင်တာကို ထိန်းချုပ်နိုင်ဖို့ လုပ်ခဲ့ပေမယ့် AZ အသင်းပရိသတ်တွေဟာ ဝက်စ်ဟမ်းပရိသတ်တွေကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ဝက်စ်ဟမ်းကစားသမားဟောင်း ဂျိုကိုးလ်က ဒါဟာ အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်လို့ ပြောခဲ့ပါတယ်။

 

ဂျိုကိုးလ်က “ပြိုင်ဘက်အသင်းပရိသတ်တွေဟာ ထိုင်နေတဲ့ မိသားစုတွေ၊ ကျနော်တို့ရဲ့ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တိုက်ခိုက်ခဲ့ကြလို့ ကစားသမားတွေဟာ ဒါကို ဖြိုခွဲနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကစား သမားတွေဟာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ကလေးတွေကို စိုးရိမ်နေကြပါတယ်။လူတွေက အင်္ဂလန်မှာရှိတဲ့ လူရမ်းကားတွေအကြောင်းပဲ ပြောနေကြတာပါ။ကျနော်တို့ဆီမှာ ဒါမျိုးတွေမတွေ့ရတာကြာပါပြီ။ဒီအတွက် ကျနော်တို့ နာမည်ကောင်းတွေရနေပါတယ်” လို့ ပြောခဲ့ပါတယ်။

ဝက်စ်ဟမ်းကစားသမားတွေဟာ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အလွန်ဒေါသထွက်နေကြတယ်လို့ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က ပြောခဲ့တာပါ။

ဒေးဗစ်မိုယက်စ်က “ကျနော်တို့ဟာ ဘာဖြစ်လဲဆိုတာကို သိရဖို့အတွက် စောင့်ရမှာဖြစ်ပေမယ့် အကြီးမားဆုံး ပြဿနာကတော့ အဆိုပါနေရာမှာ ကစားသမားတွေရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေရှိနေတာပါ။ အဲဒါကြောင့် ကစားသမားတွေဟာ အဆင်ပြေရဲ့လားဆိုတာ မမြင်နိုင်အောင် ဒေါသထွက်နေကြပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို စောင့်ဆိုင်းပြီး မေးမြန်းရပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ၁၉၇၆ နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲအဖြစ် ဖီအိုရင်တီးနားအသင်းနဲ့ ဇွန်လ ၇ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source:Metro