CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅

ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် တစ်ယောက် အကာအကွယ်ပါတဲ့ ဖိနပ် ဝတ်ဆင်ထား တဲ့ပုံကို ဇနီးဖြစ်သူက ပြသခဲ့ပြီးနောက် စပါးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဘရိုက်တန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်နဲ့ လူစားမလဲခင် ပွဲချိန် ၁၀၁ မိနစ်အထိ ကွင်းထဲမှာ ရှိနေခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့ ဇနီးဖြစ်သူ အန်နာပင်ဟိုဟာ အင်စတာဂရမ်မှာ ယူနိုက်တက် ကွင်းလယ် ကစားသမားရဲ့ ပုံကို တင်လိုက်ပြီးနောက် အသင်း ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။

အန်နာပင်ဟို တင်ထားတဲ့ပုံမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ဆိုဖာပေါ်မှာ ထိုင်နေပြီး သူ့ရဲ့ ညာဘက် ခြေထောက်ကို ကူရှင်ပေါ်မှာ ထင်ထားတာ တွေ့ရပါတယ်။

ဒါအပြင် သူ့ဘေးမှာရှိတဲ့ ကြမ်းပြင်ပေါ်မှာ အကာအကွယ်ပါတဲ့ ဖိနပ်တစ်ရံနဲ့ ချိုင်းထောက်တစ်စုံပါ ပါဝင်နေ ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲအပြီး ဝင်ဘာလေကွင်းက ထွက်ခွာချိန်မှာ ထော့နဲ့ထော့နဲ့ ဖြစ်နေတာကို မြင်တွေ့ခဲ့ ရကတည်းက ပရိသတ်တွေရဲ့ စိုးရိမ်မှုတွေ မြင့်တက်နေခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့ ဝက်ဂ်ဟော့စ် လူစားလဲနေကြစဉ်

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို စပို့တင်းလစ္စဘွန်းကနေ ရောက်ရှိလာပြီးကတည်းက အသင်း အတွက် အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြသနေပါတယ်။

ပေါ်တူဂီ ကစားသမားဟာ ဒီရာသီမှာ အသင်းခေါင်းဆောင်အဖြစ် ယူနိုက်တက်အသင်းရဲ့ ပွဲအများအပြားကို ဦးဆောင်ခဲ့ပြီး သူမပါဝင်နိုင်တဲ့ ပွဲတွေမှာ အသင်းရဲ့ ရလဒ်ပိုင်းဟာ အနည်းငယ် ဆိုးနေခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဆီဗီလာနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဆီဗီလာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပါ တယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ၁၀ ဂိုး သွင်းယူထားပြီး ၁၃ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းမှာ အဓိက နောက်ခံလူတွေဖြစ်တဲ့ လီဆန်ဒရို မာတီးနတ်ဇ်နဲ့ ဗာရန်းတို့ ဒဏ်ရာ ကြောင့် အနားယူနေရပါတယ်။

ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာရှိနေတဲ့ ယူနိုက်တက်အသင်းဟာ အဆင့် ၅ နေရာက စပါးအသင်းကို ၆ မှတ်ဖြတ်ထားပြီး ဧပြီလ ၂၈ ရက်မှာ ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံကြရမှာ ဖြစ်ပါတယ်။

Source: Daily Mail