CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

နယူးကာဆယ်အသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင်ဖြစ်တဲ့ အလန်ရှီးယားက အသင်းအတွက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ထက် ဆုဖလားရဖို့က ပိုပြီးအရေးကြီးတယ်လို့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမတိုင်ခင် ပြောကြားခဲ့ပါတယ်။

အလန်ရှီးယားက “ကျနော်ဟာ ဘောလုံးအသင်းနဲ့ အက်ဒီဟိုဝီ လုပ်ဆောင်နေတဲ့ အရာတွေကို သဘောကျပါ တယ်။ သူတို့ကို ပရိသတ်တွေအတွက် အနိုင်ရစေချင်ပါတယ်။ ဒီပွဲကို ကျနော် မစောင့်ဆိုင်း နိုင်တော့ပါဘူး။ ကျနော်ဟာ ဒီပွဲကို သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ သွားမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ကောင်းမွန်တဲ့နေ့ ဖြစ်မှာပါ။ နယူးကာဆယ်ကသာ ဒီဆုဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် မြင်ကွင်းတွေကို ကျနော်ပုံဖော်လို့ ရပါတယ်”လို့ ပြောခဲ့ တာပါ။

နယူးကာဆယ်အသင်းဟာ တနင်္ဂနွေနေ့မှာ ကာရာဘောင်းဖလား ဗိုလ်လုပွဲအဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်း နောက်ဆုံးအကြိမ် ဆုဖလားရရှိခဲ့တာက ၁၉၆၉ ခုနှစ်က Inter-Cities Fairs ဆုဖလား ဖြစ်ပြီး အခုအချိန်မှာတော့ ယူရိုပါလိဂ်ဖလား ဖြစ်လာခဲ့တာပါ။

နယူးကာဆယ်အသင်းကိုတွေ့ရစဉ်

နယူးကာဆယ်အသင်းဟာ ဆုဖလားတွေနဲ့ ဝေးကွာနေတာကြောင့် တစ်သင်းလုံးကလည်း ကာရာဘောင်းဖလား ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒါအပြင် နယူးကာဆယ် ကစားသမားတွေဟာ ဒီဆု ဖလားကို ရယူနိုင်ခဲ့ရင် အပိုဆုကြေး ပေါင် ၁ သန်း ရရှိမယ်လို့ သိရပါတယ်။

အလန်ရှီးယားက “ကျနော်တို့ကို ဆုဖလားပေးပါ။ နယူးကာဆယ် အနေနဲ့ ဆုဖလားကို ရယူနိုင်ခဲ့ရင် အမှတ်ပေး ဇယား အလယ်ရပ်တည်ပြီး ရာသီကို ကျေကျေနပ်နပ် ပြီးဆုံးမှာပါ။ ဆုဖလားနဲ့ ဝေးတာ တော်တော်ကြာနေပါပြီ။ ကျနော့်ဘဝမှာ နယူးကာဆယ်အသင်း ဆုဖလား ရယူတာကို လိုချင်ပါတယ်။ ကာရာဘောင်းဖလားသာ ရယူနိုင်ခဲ့ မယ်ဆိုရင် နယူးကာဆယ် အနေနဲ့ လာမယ့် ၁၀ နှစ်အတွင်းမှာ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ကူးကြည့်နိုင်ပါ တယ်”လို့ ပြောပါတယ်။

နယူးကာဆယ်အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၁၉၇၅-၇၆ ရာသီက ဒုတိယသာ ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် နယူးကာဆယ်အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: BBC