CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

လီယွန်နယ်မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့ချ်မက်ဆီက သူ့ရဲ့သားဟာ ဘာစီလိုနာအသင်းမှာ ပြန်ပြီး ကစားနိုင်ဖွယ် မရှိဘူးလို့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောလိုက်ပါတယ်။

ဂျော့ချ်မက်ဆီက “လီယိုက ဘာစီလိုနာအသင်းမှာ ထပ်ပြီးကစားမယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ ကျနော်တို့ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာနဲ့ စကားပြောဆိုမှုလည်း မရှိသလို ဘာကမ်းလှမ်းမှုမှလည်း မရှိဘူး”လို့ Sport ကို ပြောပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အနာဂတ်နဲ့ ပတ်သက်ပြီး မသေချာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

 မက်ဆီနဲ့ ဖခင်ဖြစ်သူ ဂျော့ချ်မက်ဆီကိုတွေ့ရစဉ် 

ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် အခုအချိန်ထိ သဘောတူညီမှု မရသေး ပါဘူး။ အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ မက်ဆီကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမားရဲ့ ဖခင်ဖြစ်သူက လာပေါ်တာနဲ့ ဘယ်လို အဆက်အသွယ်မှ မရှိဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ဟောင်း ဂျရုန်းရိုသန်ကတော့ မက်ဆီကို စာချုပ်သက်တမ်းတိုးမှာက အလွန်ဆိုးရွားတဲ့ အတွေးအခေါ်ဖြစ်တယ်လို့ ပီအက်စ်ဂျီအသင်းကို သတိပေးထားပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံ ရယူထားတဲ့ မက်ဆီကို မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်း ကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး ကစားသမားကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာတုန့်ပြန်မှုမှ မရှိသေးပါဘူး။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ခြေစွမ်းပြသ နေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားထားတာမှာ ၁၅ ဂိုး သွင်းယူထားပြီး ၁၄ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

Source: Goal