CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်လာပြီး လိဒ်စ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ တောင်ပံကစားသမား ဆန်ချိုကို ဂုဏ်ယူတယ်လို့ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “သူလုပ်ခဲ့တာတွေအတွက် ကျနော်ကျေနပ်ပြီး ဂုဏ်ယူပါတယ်။ သူဟာ ခက်ခဲတဲ့ ကာလတစ်ခု ကို ဖြတ်သန်းခဲ့ရပါတယ်။ ဆန်ချိုဟာ ထက်မြက်တဲ့ ဘောလုံးသမားဖြစ်ပြီး မှန်ကန်တဲ့ အဆင့်တွေမှာ ရင်းနှီးမြှုပ်နှံ နိုင်မယ်ဆိုရင် ထူးချွန်တဲ့သူ ဖြစ်လာမှာပါ။ ကျနော် သူ့အနောက်မှာ ရှိသလို နည်းပြတွေနဲ့ အသင်းကလည်း သူနဲ့ အတူ ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးကတော့ သူကိုယ်တိုင် လုပ်ဆောင်ရမှာပါ။ ဒါတွေက သူ့လက်ထဲမှာပဲရှိပြီး သူက အလိုရှိတယ်ဆိုရင် သူလုပ်နိုင်မှာပါ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လိဒ်စ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဆန်ချိုဟာ လူစားဝင် ကစားခဲ့ ပြီး အသင်းအတွက် အရေးပါတဲ့ ဒုတိယမြောက် ချေပဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ကစားသမားဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ၃ လကြာ ရင်ဆိုင်ခဲ့ရပြီး မကြာသေးခင်ကမှ အသင်းကြီးနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့တာပါ။

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ဆန်ချိုဟာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲမှာ ယူနိုက်တက်အတွက် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရပါသေးတယ်။

လိဒ်စ်နဲ့ပွဲကတော့ ဆန်ချိုအတွက် အနားယူပြီးနောက် ပထမဆုံး ပြန်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်ပြီး သွင်းဂိုးကိုပါ ရယူနိုင်ခဲ့တာပါ။

ဒီဂိုးဟာ ဆန်ချိုအတွက် စက်တင်ဘာလ နောက်ပိုင်း ပထမဆုံး လိဂ်သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဆန်ချိုအနေနဲ့ ဒီပုံစံအတိုင်း ဆက်သွားရင် အသင်းအောင်မြင်မှုတွေ ရရှိအောင် အကူအညီပေးနိုင်မယ်လို့လည်း ဒတ်ချ်လူမျိုးနည်းပြက ထပ်ပြီးပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ဆန်ချိုဟာ အခုဆိုရင် လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပါပြီ။ ဒီပုံစံအတိုင်း ဆက်ပြီး သွားနိုင်ခဲ့မယ်ဆိုရင် ကျနော်တို့ သွားချင်တဲ့ ပန်းတိုင်ကိုရောက်အောင် ကူညီပေးဖို့အတွက် ဒီထက်ပိုပြီး လုပ်နိုင်ပါ တယ်။ သူဟာ တည်ငြိမ်တဲ့ ပုံစံရှိရင် ကျနော်တို့အတွက် ကြီးမားတဲ့ သက်ရောက်မှုရှိနိုင်ပြီး သူ့ရဲ့သွင်းဂိုးကို ကျနော် နှစ်သက်ပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လိဒ်စ်အသင်းနဲ့ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၄ နေရာက နယူးကာဆယ်အသင်းထက် ၁ ပွဲ ပိုကစားကာ ရမှတ် ၃ မှတ် အသာရနေတာ လည်း ဖြစ်ပါတယ်။

Source: BBC