CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ဒီမီရယ်လ်ဟာ သူ စုစောင်းထားတဲ့အရာတွေထဲက ရော်နယ်ဒိုလက်မှတ်ရေးထိုးထားတဲ့ ဂျာစီကို လေလံတင် ရောင်းချသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးအားလုံးကို တူရကီငလျင်အတွက် အသုံးပြုသွားမယ်လို့ ပြောလိုက်ပါတယ်။

ဒီမီရယ်လ်က “ကျနော် ခရစ္စတီယာနိုနဲ့ စကားပြောခဲ့ပြီး တူရကီမှာဖြစ်ခဲ့တဲ့အရာတွေအတွက် အလွန် ဝမ်းနည်း တယ်လို့ သူက ကျနော့်ကို ပြောခဲ့ပါတယ်။ကျနော်ရဲ့ စုဆောင်းမှုတွေထဲက ရော်နယ်ဒို လက်မှတ်ထိုးထားတဲ့ ဂျာစီကို ကျနော်တို့ လေလံတင် ရောင်းချသွားမှာပါ။လေလံက ရရှိတဲ့ဝင်ငွေတွေ အားလုံးကို ငလျင်ဇုန်အတွက် အသုံးပြုသွားမယ်” လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။

တနင်္လာနေ့က ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာမှာ အဆောက်အဦတွေပြိုကျခဲ့ပြီး အနည်းဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးအပါအဝင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ဒီမီရယ်လ်ကတော့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့သူတွေကို တတ်နိုင် သလောက် ကူညီပေးသွားမယ်လို့ ပြောခဲ့တာပါ။အဲဒါကြောင့် ဒီမီရယ်လ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ အတူတွဲ ကစားခဲ့ဖူးတဲ့ ရော်နယ်ဒို လက်မှတ်ထိုးထားတဲ့ ဂျူဗင်တပ်စ်ဂျာစီကို လေလံတင်ရောင်းချဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒီမီရယ်လ်က “အခု ကျနော် ဘိုနူချီနဲ့လည်း စကားပြောဖြစ်ခဲ့ပါတယ်။သူ့ကလည်း ဝမ်းနည်းမှုကို ဖော်ပြခဲ့ပြီး တူရကီမှာရှိတဲ့ ကျနော်တို့ရဲ့ ပြည်သူတွေဘက်ကနေ ရပ်တည်ခဲ့ပါတယ်။ဘိုနူချီဟာ သူ လက်မှတ်ရေးထိုးထားတဲ့ ဂျူဗင်တပ်စ်ဂျာစီကို လှူဒါန်းခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။

ဒီမီရယ်လ်ဟာ တူရကီပရဟိတအဖွဲ့အစည်း Ahbap ကို လှူဒါန်းဖို့ ရွေးချယ်ခဲ့ပေမယ့် တူရကီ Red Crescent နဲ့ Save The Children တို့ကလည်း တူရကီနဲ့ ဆီးရီးယားက မြေပြင်ရှိပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်ဖို့ အလှူငွေတွေလက်ခံနေတဲ့ အခြားအဖွဲ့အစည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဒီမီရယ်လ်ဟာ စီးရီးအေကလပ် အတ္တလန္တာအသင်းမှာ ကစားနေတာဖြစ်ပြီး တူရကီ လက်ရွေးစင်အတွက် ၃၅ ပွဲ ပါဝင်ကစားထားကာ ၂ ဂိုးသွင်းယူထားပါတယ်။

Source:Goal