CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁

ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ရာသီရဲ့ ဒုတိယပိုင်းမှာ ပိုပြီးကောင်းမွန်အောင် ကစားနိုင်တယ်လို့ နည်းပြ အာတီတာက ပြောလိုက်ပါတယ်။

အာတီတာက “ကျနော်တို့ဟာ ပွဲတွေအများကြီးကို အနိုင်ရခဲ့ပါတယ်။တနင်္ဂနွေနေ့မှာလည်း ဒီလိုပဲလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ပြီးရင် ကျနော်တို့နိုင်ပွဲတွေကို ဆက်ပြီးသယ်ဆောင်သွားပါမယ်။ဒါကို အောင်မြင်အောင် ကြိုးစားနိုင်ဖို့အကောင်းဆုံးနည်းလမ်းက ပိုပြီးကောင်းအောင် ကစားဖို့ပါပဲ။ကျနော်တို့အသင်းဟာ အခုထက် ပိုပြီးကောင်းမွန်အောင် ကစားနိုင်ပါသေးတယ်” လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြိုင်ဘက်ကြီး ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲကို အနိုင်ရအောင် ကစားနိုင်ခဲ့မယ် ဆိုရင် ပရီးမီးယားလိဂ် ၁၉ ပွဲကစားအပြီးမှာ ရမှတ် ၅၀ အထိ ရယူနိုင်မှာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်တင်ရမှတ် ၁၀၀ ရရှိခဲ့တဲ့ မန်စီးတီးအသင်းရဲ့ စံချိန်ကို လိုက်မှီနိုင်ဖို့ မျှော်လင့်နေတာပါ။

အာတီတာက ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် ရမှတ် ၉၀ ကျော် ရယူမယ်လို့ အရင်က ပြောထားခဲ့ပေမယ့် ဒီပစ်မှတ်ကို ရယူနိုင်ဖို့အတွက် အသင်းဆီကနေ ကြီးမားတဲ့အားထုတ်မှုကို ရယူနိုင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “စွမ်းဆောင်ရည် တသမတ်တည်းရှိဖို့ဆိုတာ အခက်အခဲဆုံးအရာတွေထဲက တစ်ခုပါ။ ထိပ်ဆုံးမှာ ရှိဖို့အတွက် ပွဲတွေအများကြီးအနိုင်ရချင်တယ်ဆိုရင်တော့ ဒါက အရေးကြီးဆုံးအရာတွေထဲက တစ်ခုပါ။ကျနော်တို့ ထိပ်ဆုံးနေရာကို ရောက်ရှိနေတယ်ဆိုပေမယ့် ဒါကို ဆက်ပြီးလုပ်ဆောင်နေဖို့ လိုပါတယ်” လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ၁၉ နှစ်အကြာမှ ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုကို ဒီရာသီမှာ အရယူနိုင်ဖို့ စိတ်ပိုင်း ဖြတ်ထားသလို ဒီရာသီပရီးမီးယားလိဂ်မှာ သူတို့ကို အနိုင်ယူထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်တဲ့ ယူနိုက် တက်ကို ပြန်ပြီးအနိုင်ယူဖို့လည်း မျှော်လင့်နေတာဖြစ်ပါတယ်။

Source:BBC