CNI International News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၃
အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် လိင်ဆက်ဆံစဉ် ကွန်ဒုံးအစား ကော်ရည်သုတ်လိမ်းမိသဖြင့် သေဆုံးခဲ့ကြောင်း Times of India သတင်းစာကို ကိုးကားလျက် todayonline.com က ရေးသားဖော်ပြ ထားသည်။
သေဆုံးသူ မစ္စတာဆယ်လမန်မီဇာသည် အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ အာမီဒါဘက်ခရိုင်၊ ဖိန့်ဝါဒီဒေသမှ ဖြစ်ပြီး ၎င်းနှင့်ဆက်ဆံဖော်တို့သည် မည်သည့်အကာအကွယ်မှ မပါဘဲ ကော်ရည်သာ သုတ်လိမ်း၍ လိင် ဆက်ဆံခဲ့ကြကြောင်း Time of India က ဆက်လက်ဖော်ပြသည်။
၎င်းတို့နှစ်ဦးစလုံးသည် မူးယစ်ဆေးသုံးပြီးနောက် လိင်ဆက်ဆံကြခြင်းဖြစ်သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် ကောက်ချက်ချသည်။
“သူတို့က ဘာအကာအကွယ်မှမပါဘဲ ကိုယ်ဝန်မရအောင် ကော်ရည်သုံးလိုက်တဲ့သဘောရှိတယ်” ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးကပြောသည်။
၎င်းတို့သည် မူးယစ်ဆေးသုံးလေ့ရှိသည့်အပြင် အပိုရှူရှိုက်ရန်အတွက် ကော်ရည်ဗူးများကိုပါ ယူဆောင် တတ်သည်ဟု ၎င်းရဲအရာရှိက ဆက်လက်ရှင်းပြသည်။
၎င်းတို့စုံတွဲသည် အာမီဒါဘတ်ခရိုင်ရှိ ဂျူဟာပူရရပ်ကွက်ထဲ၌ ဟိုတယ်တစ်လုံးသို့ ဝင်ရောက်ခဲ့ကြပြီးနောက် နောက်တစ်နေ့တွင် မစ္စတာဆယ်လမန်မီဇာတစ်ယောက် သတိလစ်မေ့မျောပြီး နေအိမ်ပြန်ရောက်လာခဲ့သည်။
အခြေအနေဆိုးရွားနေသော မီဇာကို ဆိုလာအရပ်ဘက်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။
ရဲများက မတော်တဆသေမှုသေခင်းအဖြစ် အခင်းဖြစ်ပွားရာဟိုတယ်တွင် စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။