CNI International News

ဟောင်ကောင်၊ မတ်လ ၁၄

ဟောင်ကောင်တွင် Covid-19 ကြောင့် သေဆုံးမှုနှုန်းများလွန်း၍ လာမည့် ဧပြီလလယ်အထိ နာရေးကူညီမှု လုပ်ငန်းထံသို့ ကြိုတင်စာရင်းပေးမှုများ ပြည့်နှက်နေကြောင်း South China Morning Post သတင်းစာကို ကိုးကားလျက် ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

ထိုသို့ နာရေးကူညီမှု လုပ်ငန်းများ ကြိုတင်စာရင်းပေးမှုများ ပြည့်နေခြင်းကြောင့် ဆေးရုံများမှ ဈာပနပို့ဆောင်သည့် အခမ်း အနားများ ကျင်းပခွင့် ဆိုင်းငံ့လိုက်ခြင်းနှင့် သေဆုံးကြောင်း ထောက်ခံစာ ရရှိရန် ကြာမြင့်လွန်းခြင်းတို့ ရှိနေသဖြင့် အလွန် အမင်း ကျပ်တည်းကျဉ်းမြောင်းလာကြောင်း နာရေးကူညီမှုလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရကြောင်း ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုက်က ဆက်လက်ရေးသားထားသည်။

တစ်ချိန်တည်းတွင် ရပ်ကွက်အသီးသီးရှိ လူနာများဘေး၌ အိတ်စွပ်ထားသော အလောင်းများ ပြသထားသည့် အွန်လိုင်း ဓာတ်ပုံကို အလျင်စလို ရိုက်ကူးမိခဲ့ကြောင်း ဆေးရုံအာဏာပိုင်များက အတည်ပြုခဲ့သည်။ ထိုဓာတ်ပုံကြောင့် လူနာများ စိတ်ဖိစီးစေခဲ့၍ တောင်းပန်ပါကြောင်းနှင့် အဆိုပါ မှားယွင်း လုပ်ဆောင်မှုကို ပြုပြင်ပြီးဖြစ်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြားခဲ့သည်။

တရုတ်မှာ ကိုဗစ်ဖြစ်ပွားမှုမြင့်နေတက်(AP)

အဆိုပါ အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အစိုးရအနေဖြင့် ပိုမိုလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း နာရေးကူညီ မှုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ခွက်ဟွိုင်ဘောင်း (Kwok Hoi-bong) က ပြောကြားခဲ့သည်။

“အစိုးရက တစ်နေ့ကို အလောင်းပေါင်း ၂၆၀ နဲ့ ၂၈၀ လောက် သင်္ဂြိုဟ်နိုင်စွမ်းကို တိုးထားပေမယ့် တခြားကဏ္ဍတွေ အတွက် တော့ ထည့်စဉ်းစားထားပုံ မရပါဘူး” ဟု ၎င်းက ရေဒီယိုအစီအစဉ်တစ်ခုသို့ ပြောကြားခဲ့သည်။

နာရေးကိစ္စများ လိုက်ပါဆောင်ရွက်ရန် ရာနှုန်းပြည့် ကြိုတင်စာရင်းပေးထားသူ အများစုသည် ဧပြီလလယ် (သို့မဟုတ်) လကုန်ပိုင်းအထိ ပြည့်နှက်နေကြောင်း၊ ၎င်းတို့အတွက် နေရာထိုင်ခင်း အခက်အခဲဖြစ်နေကြောင်း မတ်လ ၁၀ ရက်၌ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ခွက်ဟွိုင်ဘောင်းက ပြောကြားခဲ့သည်။

တရုတ်မှာ ကိုဗစ်ဖြစ်ပွားမှုမြင့်နေတက်(AP)

ဟောင်ကောင်မြို့တွင် ဈာပနခန်းမပေါင်း ၁၂၁ ခုသာရှိသည်။သို့သော် ပျမ်းမျှနေ့စဉ် သေဆုံးသူဦးရေမှာ ၂၀၀ ခန့်အထိ ရှိလာ ကြောင်း ၎င်းက ရှင်းပြသည်။

မိသားစုများ နောက်ဆုံး နှုတ်ဆက်ကြသည့် ဈာပန အခမ်းအနားများကို အစိုးရဆေးရုံများ၌ ဟောင်ကောင် အာဏာပိုင်များ အနေဖြင့် ရိုးရှင်းစွာ ကျင်းပခွင့်ပြုသင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

အာဏာပိုင်များ လက်အောက်ရှိ ဆေးရုံ ၂၄ ရုံတွင် ဈာပနအခမ်းအနားများ ကျင်းပရန် ကျန်ရစ်သူမိသားစု၊ ဆွေမျိုးသားချင်း များအတွက် အခန်းငယ်တစ်ခု ပေးသည့် အလေ့အထရှိခဲ့သော်လည်း ယခုအခါ ထိုအလေ့အထအစား အလောင်းများကို သုသာန်များသို့ တိုက်ရိုက် သယ်ဆောင်သွားစေရန် စီမံထားသည်။

Source: South China Morning Post, Bangkok Post