CNI Entertainment News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

"America's Got Talent" မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ပရိသတ်အများအပြားရရှိခဲ့တဲ့ Nightbirde လို့ လူသိများတဲ့ အဆိုတော် Jane Marczewski ဟာ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ပါတယ်။

Marczewski ဟာ ကင်ဆာရောဂါကို လေးနှစ်ကြာ ရင်ဆိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကွယ်လွန် သွားခဲ့တာပါ။ သူမ ကွယ်လွန်ချိန်မှာတော့ အသက် ၃၁ နှစ်ရှိပါပြီ။

“သူမ ကွယ်လွန်ခြင်းက မထင်မှတ်ထားတဲ့ ဆုံးရှုံးခြင်းဖြစ်တာကြောင့် ဝမ်းနည်းကြေကွဲရပါတယ်" လို့ Marczewski မိသားစုက NBC ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

သူမဟာ America's Got Talent Season 16 မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး Simon Cowell ဆီကနေ Golden Buzzer ကိုရရှိခဲ့တာပါ။
အဲဒီအချိန်မှာ သူမရဲ့ကင်ဆာရောဂါက အသက်ရှင်ဖို့အခွင့်အရေး ၂ ရာခိုင်နှုန်းသာရှိကြောင်းနှင့် သူမရဲ့ ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်ဖို့ နောက်ပိုင်းမှာ ပြိုင်ပွဲကထွက်ခဲ့ရကြောင်းပရိသတ်ကို ပြောကြား ခဲ့ပါတယ်။

Source:CNN