CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးဆောင်ရွက်နေရာ ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီမှ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၇၄၃၆ ခုအား စစ်ဆေးခဲ့စဉ် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၃၀၃ ဦး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၈.၈၂ ရာခိုင်နှုန်းရှိကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲ နမူနာ စုစုပေါင်း ၆,၉၀၇,၅၀၃ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၆၅,၆၆၇ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့နောက် ယနေ့ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၄ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၃၃၁ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။