CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထွေထွေအထူးကုသမားတော်ဌာန အပါအဝင် ဌာန ၅ ခုမှ ဆရာဝန်ကြီးများ ကိုဗစ်-၁၉ ရောဂါ ခံစားနေရသဖြင့် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၅ ရက်နေ့အထိ ခေတ္တာပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဖော်ပြပါ အထူးကုပြင်ပလူနာဌာနများမှ ဆရာဝန်ကြီး များ ကိုဗစ်-၁၉ ရောဂါ ခံစားနေရသဖြင့် ၎င်းဌာနများကို ယှဉ်တွဲပါရက်များအတိုင်း ခေတ္တပိတ်ထားမည်”ဟု ဖော်ပြထားသည်။

ထို့နောက် တခြားအထူးကုပြင်ပလူနာဌာနများနှင့်အရေးပေါ် လူနာများအား ပုံမှန်အတိုင်း ဖွင့်လှစ်ကုသပေး သွားမည်ဖြစ် သည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ခေတ္တပိတ်ထားမည့် ဌာနများမှာ အထွေထွေအထူးကုသမားတော်ဌာန၊ ကင်ဆာဆေးကုဌာန၊ အကြောအဆစ် အထူးကုဌာန၊ အစာအိမ်နှင့်အူလမ်းကြောင်းဆေးကုဌာန၊ဟော်မုန်းရောဂါအထူးကုဌာနတို့ ဖြစ်သည်။

သို့သော် ဆေးရုံဆင်းလူနာများ ရက်ချိန်းစေ့ပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်သည်ဟု လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။