CNI International News

ပါရီ၊ ဖေဖော်ဝါရီ ၁၁

HIV ဗိုင်းရပ်စ်ပိုးကို စတင်တွေ့ရှိခဲ့ပြီး ပူးတွဲစမ်းသပ် သုတေသနပြုခဲ့သည့် နိုဘယ်လ်ဆုရ ပြင်သစ်သိပ္ပံပညာရှင် လက်ခ်မွန်တာ နီယာသည် အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ပြင်သစ်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပြင်သစ်ဆေးသိပ္ပံပညာရှင် ပါမောက္ခ မွန်တာနီယာသည် ပါရီမြို့ရှိ ဓာတ်ခွဲခန်းတွင် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း HIV ဗိုင်းရပ်စ်ပိုး ရှာတွေ့ခဲ့ခြင်းအတွက် ပူးတွဲနိုဘယ်လ်ဆုကို ၂၀၀၈ ခုနှစ်တွင် ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။

၎င်းသိပ္ပံပညာရှင်သည် ဆေးရုံတက်ရောက် ကုသမှုခံယူနေရင်း ကွယ်လွန်သွားကြောင်း ပါရီမြို့တော်၊ ဆင်ခြေဖုံးရပ်ကွက်များ ဆိုင်ရာ မြို့တော်ဝန် နီယယ်လီဆာဆိုင်းက ဖေဖော်ဝါရီ ၁၀ ရက်တွင် အေအက်ဖ်ပီ သတင်းဌာနသို့ အတည်ပြုခဲ့သည်။

မွန်တာနီယာသည် ဖေဖော်ဝါရီ ၈ ရက်တွင် ငြိမ်းချမ်းတည်ငြိမ်စွာဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်မီဒီယာ တစ်ခု ဖြစ်သည့် France Soir က သတင်းဖော်ပြသည်။

၁၉၈၃ ခုနှစ်တွင် ပက်ချာသိပ္ပံကျောင်း၏ ဓာတ်ခွဲသုတေသီအဖွဲ့သည် ထိုစဉ်က အမည်မသိ ဗိုင်းရပ်စ်ပိုးတစ်မျိုး ရှာဖွေတွေ့ ရှိခဲ့ ခြင်းကြောင့် ပါမောက္ခမွန်တာနီယာကို တကမ္ဘာလုံးက ချီးကျူးခဲ့ကြသည်။

ထို့နောက် ပြင်သစ်နှင့် အမေရိကန် သိပ္ပံပညာရှင်များသည် ၁၉၈၆ ခုနှစ်တွင် “လူ့ကိုယ်တွင်း ခုခံအားစနစ် ကျဆင်းစေသည့် ဗိုင်းရပ်စ်ပိုး” (သို့မဟုတ်) HIV ဟု အမည်ပေးထားသည့် ဗိုင်းရပ်စ်ကို ခွဲခြားစိတ်ဖြာနိုင်ဖို့ ဆက်လက်စူးစမ်းခဲ့ကြသည်။

အဆိုပါဗိုင်းရပ်စ် ဖော်ထုတ်နိုင်ခဲ့ခြင်းအတွက် မွန်တာနီယာကို ဇီဝကမ္မဗေဒ (သို့မဟုတ်) ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ဗိုင်းရပ်စ်ဗေဒပညာရှင် ဖရက်ချိုက် ဘာရီစီနောက်ဆီနှင့်အတူ ၂၀၀၈ ခုနှစ်တွင် ပူးတွဲချီးမြှင့်ခဲ့သည်။

HIV ပိုးရှာဖွေတွေ့ရှိသူ မွန်တီယာနီကိုတွေ့ရစဉ်

၎င်းသည် AIDA သုတေသနနှင့်ကာကွယ်ရေးဆိုင်ရာ ကမ္ဘာ့ဖောင်ဒေးရှင်း ပူးတွဲတည်ထောင်သူဖြစ်ပြီး နိုင်ငံတကာ ဗိုင်းရပ်စ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (International Viral Collaboration) ကိုလည်း အားစိုက် လုပ်ဆောင်ပေးခဲ့ သည်။

ထို့ပြင် မွန်တီနီယာသည် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး စစ်ဘက် (သို့မဟုတ်) အရပ်ဘက်ဆိုင်ရာ ဂုဏ်ပြုတပ်ဖွဲ့တွင် ဂုဏ်ထူး ဆောင်အရာရှိ (Grand Officer) အဖြစ် ခန့်အပ်ခံရခြင်း အပါအဝင် ဆုအမျိုးမျိုးနှင့် ဂုဏ်ထူးဆောင် ဘွဲ့ပေါင်း ၂၀ လက်ခံရရှိခဲ့ သည်။

သို့သော်လည်း မွန်တီနီယာသည် homeopathic ဆေး အမျိုးအစားကို ဦးစားပေး၍ ပါကင်ဆန်ရောဂါအတွက် ကုသရာ၌ သင်္ဘောသီးအချဉ် ထည့်သွင်းသုံးစွဲစေရန် တိုက်တွန်းခဲ့ခြင်းကြောင့် နောက်ပိုင်းနှစ်များ၌ ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဆေးသိပ္ပံ ပညာရှင်များက သူ့ကို ရှုတ်ချ အပြစ်တင်ခဲ့ကြသည်။

မည်သို့သော ရှုတ်ချမှုများ ခံရပါစေ မွန်တီယာနီသည် Covid-19 ကပ်ရောဂါ ကာလဖြစ်စဉ် တလျှောက်လုံးအထိ သူ့ရပ်တည် ချက်ကို မပြောင်းလဲခဲ့ဘဲ ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် နောက်ဆုံးအချိန်အထိ ကြိုးစားသွားခဲ့သည်။

Covid-19 ရောဂါပိုးသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုမှ စတင်ပျံ့နှံ့ခဲ့သည်ဟု မိမိယုံကြည်ကြောင်း မွန်တီယာနီ က အတိအလင်း ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ဆေးသိပ္ပံဆိုင်ရာ အငြင်းပွားမှုများကို ဘေးဖယ်၍ ၎င်းကွယ်လွန်ကြောင်း သတင်းများ အတည်ပြု ကြေညာပြီး နောက် မွန်တီယာနီဟု ခေါ်သည့် ပညာရှင်တစ်ဦးကို ၎င်း၏သုတေသနစူးစမ်းမှု၊ နားလည်တတ်ကျွမ်းမှုတို့ဖြင့် HIV အား ၁၉၈၀ ပြည့်လွန်နှစ်များက ကုသ၍မရသလို ဆေးမရှိသည့်အဖြစ်မှ ယနေ့မျက်မှောက်တွင် AIDS ရောဂါသည်များ ဆက်လက် ရှင်သန် နေထိုင်နိုင်ရေးအထိ အကူးအပြောင်းတွင် အဓိကအရေးပါသူ တစ်ဦးဟူ၍ ကမ္ဘာက အမှတ်ရနေဦးမည် ဖြစ်သည်။


Source: RT.com